Lifestyle: ရည်မှန်းချက်တွေ ပြည့်စေမယ့် နည်းလမ်း (၅) ခု

, updated

နှစ်တိုင်းနှစ်တိုင်း ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်း ၅ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

play

 

မကြာခင် ၂၀၁၅ ခုနှစ်ကို လက်ပြနုတ်ဆက်ရတော့မယ့် အချိန် ရောက်လာပြန်ပါပြီ။ နှစ်စဉ် နှစ်တိုင်းရဲ့ အစပိုင်းမှာ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ကိုယ်စီ ထားလေ့ရှိပါတယ်။ ဒီနှစ်ထဲမှာ ဝိတ်ဘယ်နှစ်ပေါင် ချမယ်ဆိုတာမျိုး၊ ပိုက်ဆံဘယ်လောက်စုမယ်ဆိုတာမျိုး၊ ဘယ်ပညာရပ်တွေ သင်မယ်ဆိုတာမျိုး စတဲ့ရည်မှန်းချက်တွေ ထားရှိတတ်ကြမှာပါ။

နှစ်တိုင်းနှစ်တိုင်း ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်း ၅ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဘာလုပ်ချင်လဲ အရင်စဉ်းစားပါ

အလုပ်ပြောင်းချင်တာလား၊ ဝိတ်ချချင်တာလား၊ ပညာသင်ချင်တာလား စသဖြင့် ကိုယ်ဘာလုပ်ချင်လဲ ဆိုတာကို အရင်စဉ်းစားရမှာပါ။ ဖြစ်နိုင်တာကို စဉ်းစားပြီး လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

၂။ အမိုးပေါ်တက်ပါ

အိမ်ခေါင်မိုးပေါ်ဖြစ်ဖြစ်၊ တိုက်ခေါင်မိုးပေါ် ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် အော်ဟစ်လို့ရတဲ့ နေရာတစ်ခုကို ရှာပါ။ ပြီးရင်တော့ ကိုယ်လုပ်မယ့် ရည်မှန်းချက်ကို အသံကုန် အော်ဟစ်လိုက်ပါ။

play

 

၃။ အစီအစဉ် တကျပြင်ဆင်ထားပါ

ဘာပဲလုပ်လုပ် ကြိုပြင်ရမှာဖြစ်ပါတယ်။ အလုပ်သစ် လျှောက်မယ်ဆိုရင် ကိုယ်ရေးအကျဉ်းတွေ ကြိုရေးထားရမှာ ဖြစ်ပြီး ဝိတ်ချမယ်ဆိုတော့ သင်တန်း သွားအပ်ထားရမှာပါ။ ဒီတော့ ကြိုပြီး အစီအစဉ် ဆွဲထားပါ။

၎။ မလိုတာတွေအတွက် အချိန်မဖြုန်းနဲ့

သင့်အချိန်တွေကို မလိုအပ်ပဲ ကုန်စေတဲ့အရာတွေကို စဉ်းစားကြည့်ပါ။ ဖေ့စ်ဘွတ်၊ အင်စတဂရမ်၊ တွစ်တာ စတာတွေ သုံးတာများနေမယ်ဆိုရင် အချိန်တွေလျှော့ပြီး ရည်မှန်းချက်နောက်လိုက်ပါ။

play

 

၅။ မနက်တိုင်းမှာ ရည်မှန်းချက်ကို ခေါင်းထဲထည့်ထားပါ

မိုးလင်းလာတိုင်း ဒီနှစ်အတွက် ကိုယ့်ရဲ့ရည်မှန်းချက်ကို စဉ်းစားပေးဖို့ လိုပါတယ်။ နေ့တိုင်းအကောင်အထည် ဖော်စရာ မလိုပေမဲ့ နေ့တိုင်းဒါကို တွေးနေဖို့ လိုပါတယ်။

 

Source : time

Photos : pulse.com.gh

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ