Lifestyle: ဝမ်းမှန်စေတဲ့ သစ်သီးများ

, updated

ပိုက်ဆံလည်း အများကြီး မကုန်သလို လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်တဲ့ သစ်သီးတွေက သင့်ကို ကျန်းမာစေမှာပါ။

play

 

ကျန်းမာရေး ကောင်းမွန်ခြင်းအတွက် ဝမ်းမှန်ဖို့လည်း လိုအပ်ပါတယ်။ ဆီး၊ ဝမ်း၊ သွေး၊ လေ စတဲ့ လေးမျိုး မှန်ကန်မျှတနေမှ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဝမ်းမှန်အောင် ဆေးတွေသောက်သုံးဖို့ထက် ဖော်ပြပါ သစ်သီးတွေ စားသုံးပေးခြင်းက ပိုမို သင့်တော်မှာဖြစ်ပါတယ်။

၁။ သင်္ဘောသီး

play

 

သင်္ဘောသီးမှည့်က အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အကောင်းဆုံး ထောက်ကူပေးပြီး ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေနဲ့ ရေဓာတ်တွေ အပြည့်အ၀ ပါဝင်ပါတယ်။ သင်္ဘောသီးဖျော်ရည်ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

၂။ ပန်းသီး

play

 

 တစ်နေ့ကို ပန်းသီး နှစ်လုံး၊ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် ပန်းသီးဖျော်ရည်တစ်ခွက် နေ့စဉ် သောက်ရင် ဝမ်းမှန်စေပါတယ်။

၃။ ရုံးပတီသီး

play

 

အမျှင်ဓာတ်တွေပါလို့ ရုံးပတီသီး ပုံမှန်စားပေးရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်တဲ့ဝေဒနာ ခံစားရတော့မှာ မဟုတ်ပါဘူး။

 

Source : Tophomeremedies

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ