Lifestyle: ငွေတစ်ရာထက် ပိုလွန်တဲ့ စေတနာ

ဦးဝင်းချိုနဲ့အတူ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားခဲ့တဲ့ ကိုဝေဠုအပြင် အခြား မိတ်ဆွေတွေလည်း ပါဝင်ပါတယ်။

play
ဟင်းတွေကို ထော်လာဂျီနဲ့ တင်ပြီး လိုက်ရောင်းတာပါ။

ဦးဝင်းချိုရဲ့ တစ်ရာတန် ဟင်းတွေကို လူကြိုက်များနေပါတယ်။ ငွေကြေးနွမ်းပါးသူတွေအတွက် ရည်ရွယ်ပြီး ဟင်းတစ်ပွဲကို တစ်ရာကျပ်တည်းနဲ့ ရောင်းချပေးနေတာပါ။

play
ကြွပ်ရွနေတဲ့ စားချင်စဖွယ် ငါးနီတူကြော်

 

မွှေးပျံ့တဲ့ ရနံ့နဲ့ သီးစုံပဲကုလားဟင်းကို ၁၀၀ ကျပ်နဲ့ ရောင်းချသလို ငါးကြော်တစ်ကောင် ၁၀၀ ကျပ်၊ ငါးနီတူခြောက်ကြော်တစ်ပွဲကို ၁၀၀ ကျပ် နှုန်းနဲ့ ဈေးသက်သာပြီး အရသာရှိပါတယ်။ ဒါ့အပြင် စားသုံးသူထံကို သူကိုယ်တိုင် လိုက်လံရောင်းချတာပါ။

play
ကိုယ်တိုင် ချက်ပြုတ်နေတဲ့ ဦးဝင်းချို

 

ဟင်းတွေကိုလည်း ဦးဝင်းချိုနဲ့မိတ်ဆွေများက အတူတကွ ချက်ပြုတ်တာ ဖြစ်ပါတယ်။ ဦးဝင်းချိုဟာ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး မိသားစုရဲ့ စားဝတ်နေရေး ပြေလည်သူမို့ ခုလို ရောင်းချတာဟာ အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိရန်မဟုတ်ဘဲ နွမ်းပါးသူတွေအတွက် အဆင်ပြေစေဖို့ပဲ ရည်ရွယ်တယ်လို့ ပြောပါတယ်။

play
ပလာတူးငါးကြော် တစ်ကောင် တစ်ရာ

 

လုပ်ခလစာ နည်းပါးတဲ့ အထည်ချုပ်စက်ရုံ ဝန်ထမ်းတွေအတွက် ရောင်းချဖို့ စီစဉ်ထားခဲ့ပေမဲ့ အခြားသော အခြေခံ လူတန်းစားတွေကလည်း တောင်းဆိုတာကြောင့် ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဦးဝင်းချိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ