Lifestyle: ခြေတုတစ်ဖက်နဲ့ နယူးယော့ခ်က မော်ဒယ်

ခြေတစ်ဖက်မရှိတော့ပေမဲ့ သူမဖြစ်ချင်တဲ့ မော်ဒယ်တစ်ယောက်ရဲ့ဘဝကို အောင်မြင်စွာ ဖြတ်သန်းနိုင်နေသူပါ။

 

အောင်မြင်တဲ့ မော်ဒယ်တစ်ဦးဖြစ်ဖို့ စိတ်ကူးအိပ်မက်ရှိခဲ့တဲ့ နယူးယောက်မြို့သူတစ်ဦးဟာ မမျှော်လင့်တဲ့ ဘဝရဲ့ အချိုးအကွေ့တစ်ခုကြောင့် အိပ်မက်ပျက်စီးရမလို ဖြစ်သွားခဲ့ပါတယ်။ လော်ရန်ဝက်ဆာလို့ အမည်ရတဲ့ နယူးယော့ခ်မြို့သူဟာ အမျိုးသမီးလစဉ်သုံးဂွမ်းတောင့်(တမ်ပွန်)ကို သုံးစွဲပြီးနောက် အခန့်မသင့်ပဲ ရောဂါတစ်မျိုး ရသွားခဲ့ပါတယ်။

 

လစဉ်သုံးဂွမ်းတောင့်ကြောင့် ရောဂါပိုးဝင်သွားတဲ့ သူမဟာ ခြေတစ်ဖက်ကို ဆုံးရှုံးလိုက်ရပါတယ်။ ခြေတစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် သူမ ခုံမင်တဲ့ မော်ဒယ်ဘဝကိုပါ စွန့်လွှတ်လိုက်ရပြီလို့ ထင်ခဲ့ပါတယ်။

 

ဒါပေမဲ့ ကံတရားက ဆန်းကျယ်ပါတယ်။ ပိုးဝင်တဲ့ရောဂါကြောင့် သေမင်းရဲ့ တံခါးဝကို ရောက်ခဲ့ပြီးနောက် ခြေတစ်ဖက်ကိုဆုံးရှုံးပြီး ပြန်လည်နေကောင်းလာခဲ့ပါတယ်။ အခုတော့ သူမက ဆုံးရှုံးသွားတဲ့ ခြေတစ်ဖက် နေရာမှာ ခြေအတုတစ်ဖက်တပ်ပြီး အောင်မြင်တဲ့ မော်ဒယ်တစ်ဦး ဖြစ်နေပါပြီ။ အဝတ်အစားနဲ့ ဖိနပ်တွေကို သူမနဲ့ ကြော်ညာဖို့ ကုမဏီတွေက ပိုစိတ်ဝင်စားလာပါတယ်။

 

နာမည်ကျော် အားကစားပစ္စည်းကုမ္ပဏီ Nike ရဲ့ ဖိနပ်မော်ဒယ်တစ်ဦးလည်း ဖြစ်နေပါပြီ။ ဘဝမှာ ဖြစ်ချင်တဲ့ အရာတွေ ဘယ်တော့မှ အရှုံးမပေးဖို့ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။

Source & Photos : dailyamail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ