Lifestyle: အိမ်ဖြူတော်ရဲ့ ခရစ္စမတ်များ

အိမ်ဖြူတော်ဟာ ဝါရှင်တန် ဒီစီက ၁၆၀၀ ပန်ဆိုင်ဘန်းနီးယားရိပ်သာလမ်း အင်န်ဒဗလျူမှာ တည်ရှိတဲ့ အမေရိကန်သမ္မတရဲ့ နေအိမ်ဖြစ်ပြီး ၁၈၀၀ ပြည့်နှစ်၊ သမ္မတ ဂျွန်အဒမ်စ်ကတည်းကစပြီး အမေရိကန် သမ္မတတိုင်း နေထိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ ခရစ္စမတ်ပွဲတော်ပုံတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က စပြီး မှတ်တမ်းရှိခဲ့ပါတယ်။

play

၁၉၃၅ ခုနှစ် အိမ်ဖြူတော်ရဲ့ ခရစ္စမတ်အပြင်အဆင်များ

play

 

၁၉၃၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဖရန်ကလင် ဒယ်လာနို ရုစဗဲ့က မိသားစုနှင့်အတူ ဓာတ်ပုံအရိုက်ခံစဉ်။

play

 

၁၉၅၈ ခုနှစ်တွင် သမ္မတ အီဆန်ဟောင်ဝါက အိမ်ဖြူတော်တွင် မိသားစုနှင့်အတူ ခရစ္စမတ်ဓာတ်ပုံများ အရိုက်ခံနေစဉ်။

play

 

သမ္မတ ဂျွန်အက်ဖ် ကနေဒီနဲ့ သမ္မတကတော် ဂျက်ကလင်း ကနေဒီတို့က ၁၉၆၂ ခုနှစ်တွင် အိမ်ဖြူတော်၏ ခရစ္စမတ်အပြင်အဆင်များကို သဘောကျနှစ်ခြိုက်နေကြပုံဖြစ်သည်။

play

၁၉၇၄ ခုနှစ်တွင် သမ္မတကတော် ဘက်တီဖို့ဒ်အား အိမ်ဖြူတော်ရှိ ခရစ္စမတ်သစ်ပင်တစ်ပင်နှင့်အတူ တွေ့ရစဉ်။

play

အမေရိကန်သမ္မတ ရော်နယ်ရေဂန်နှင့် ဇနီး နန်စီရေဂန်တို့က ၁၉၈၃ ခုနှစ်တွင် အိမ်ဖြူတော်ရှိ ခရစ္စမတ်သစ်ပင်တစ်ပင်အား အလှဆင်နေစဉ်။

play

အမေရိကန်သမ္မတ ဂျော့ဂ်ျဘွတ်ရှ်နှင့် သမ္မတကတော် ဘာဘာရာဘွတ်ရှ်တို့အား အရုပ်များနှင့် အလှဆင်ထားသည့် ၁၈ ပေ မြင့် ခရစ္စမတ်သစ်ပင်နှင့်အတူ ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်။

play

အိမ်ဖြူတော်တွင် ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်၊ နှစ်စဉ်ကျင်းပသည့် Holiday Children's Story Reading နေ့တွင် အိမ်ဖြူတော်၌ သမ္မတ ဘီလ်ကလင်တန်က Clement Clark Moore ရဲ့ ကဗျာ A Visit Form Saint Nick ကို ဖတ်ပြနေသည်ကို သမ္မတကတော် ဟီလာရီရော့ဒ်ဟန် ကလင်တန်နှင့် အသက် ၈ နှစ်ရှိ နန်နာချန်တို့က ကြည့်နေကြစဉ်။

play

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် အိမ်ဖြူတော်အတွင်းရှိ စန္ဒယားကြီးတစ်လုံးနှင့် စန္ဒယားဆရာတစ်ဦးက ခရစ္စမတ်သီချင်း တီးခတ်နေစဉ်။

play

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်၌ အိမ်ဖြူတော်တွင် ကျင်းပသည့် ၉၁ ကြိမ်မြောက် နိုင်ငံတော် ခရစ္စမတ်သစ်ပင်မီးထွန်းပွဲ အခမ်းအနားတွင် သမ္မတ ဘားရက်အိုဘားမား နှင့် သမီးများဖြစ်သည့် မာလီရာနှင် ဆက်ရှာ၊ ယောက္ခမ မာရီယန်ရော်ဘင်ဆန်နှင့် သမ္မတကတော် မီရှယ်အိုဘားမားတို့အား စတိတ်စင်ပေါ်တွင် တွေ့ရစဉ်။

Soure & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ