Lifestyle: တက်တူး မထိုးသင့်သေးတဲ့ အချက် (၉)ချက်

ဟန့်ဟန့်ထည်ထည် ဖြစ်ရလောက်တဲ့ အသက်အရွယ်မဟုတ်သေးရင် မထိုးပါနဲ့ဦး။

 

လုံလောက်တဲ့အသက်အရွယ်မရှိသေးတာ

 

ကိုယ်ပေါ်မှာ တက်တူးထိုးပြီး ဟန့်ဟန့်ထည်ထည်ဖြစ်ရလောက်အောင် အသက်အရွယ်မကြီးသေးဘူးဆိုရင် မထိုးပါနဲ့ဦး။

ပိုက်ဆံ မလောက်သေးတာ

 

ပိုက်ဆံ လုံလုံလောက်လောက် မရှိရင် မထိုးပါနဲ့ဦး။ တစ်ချို့လူတွေက ရှိတဲ့ ပိုက်ဆံနဲ့ ထိုးလို့ရမယ့်နေရာမျိုး ရှာတတ်ကြပါတယ်။ နောက်တော့ ထွက်လာတဲ့ရလဒ်ကို မကျေမနပ်ဖြစ်ပြီး အဆုံးသတ်ကြရပါတယ်။

ဒီဇိုင်းကို မဆုံးဖြတ်ရသေး

 

ကိုယ် ဘာဒီဇိုင်းထိုးချင်တယ်ဆိုတာကို သေသေချာချာ သိမှ ထိုးပါ။ စိတ်ထဲရှိရာ ဒီဇိုင်းထိုးပြီး အချိန်အတော်ကြာမှ နောင်တရတဲ့ အဖြစ်မျိုး ကြုံရတတ်ပါတယ်။

နားမလည်ရင်

 

ကိုယ်က စာလုံးဒီဇိုင်းတစ်ခုကို တွေ့တယ်ဆိုပါစို့။ တကယ်လည်း ကြွေတယ်ဆိုပါစို့။ ဒါပေမဲ့ ဒီစကားရဲ့အဓိပ္ပါယ်ကို သေချာမသိရင် မထိုးပါနဲ့။ အွန်လိုင်းပေါ်မှာ အပြောင်အပျက်စာတွေကို စာလုံးဒီဇိုင်း အမိုက်စားတွေလုပ်ပြီး လူတွေကို နောက်တယ့် ဝက်ဘ်ဆိုက် တွေ အများကြီး ရှိပါတယ်။

မြှောက်ပေးတာ၊ အလောင်းအစားလုပ်တာ၊ ဖိအားပေးတာ

 

သူငယ်ချင်းတွေ အားလုံးထိုးလို့ ကိုယ်လည်း ထိုးရမယ်ဆိုပြီး ဖိအားပေးခံရတာမျိုးကြောင့် မထိုးပါနဲ့။ အလောင်းအစားကြီး တစ်ခုလို ငါထိုးပြမယ်ကွ ဆိုပြီးတော့လည်း မထိုးပါနဲ့။ တစ်ယောက်ယောက်က မြှောက်ပေးလို့လည်း မထိုးပါနဲ့။ ကိုယ်တကယ်ကြိုက်မှပဲ ထိုးပါ။

အချစ်ကြောင့်

 

ကိုယ်ချစ်သူရဲ့ နာမည်ကို ထိုးမယ်ဆို သတိထားပါ။ သူနဲ့ပြတ်သွားတာတောင် ကိုယ့်အသားပေါ် နာမည်ထိုးပြီး ကမ္ဗည်း တင်သင့်တယ်လို့ အမှန်တကယ်ခံစားရမှ ထိုးပါ။

မူးနေတဲ့အခါ

 

အရက်သောက်ထားတဲ့ အချိန်၊ ဆေးကွဲနေတဲ့အချိန်၊ မူးနေတဲ့အချိန်မှာ တက်တူးထိုးဖို့ ဆုံးဖြတ်ချက်မချပါနဲ့။

ပတ်ဝန်းကျင်

 

စိတ်ချရတဲ့ ပတ်ဝန်းကျင်၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာသာ ထိုးပါ။ သန့်ရှင်းသပ်ရပ်တဲ့ နေရာမှာသာ ထိုးပါ။ ဆူညံနေတဲ့ ဘုရားပွဲလို နေရာမျိုးမှာ ထိုးတာမျိုးဟာ စဉ်းစားစရာပါပဲ။

 

Sources: about style
Photos Sources: Body Art Diary,Tattoo Artist Magazine, Graffiti Art Blog, My Stories , 3D - Tattoo Design, Favim.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ