Lifestyle: ၂၀၁၅ ခုနှစ် ခရီးသွား ဓာတ်ပုံပြိုင်ပွဲမှ ဆုရ ဓာတ်ပုံလက်ရာများ

၂၀၁၅ ခုနှစ် ခရီးသွား ဓာတ်ပုံပြိုင်ပွဲမှ ဆုရဓာတ်ပုံအချို့ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ ၂၂ ဦးက ကဏ္ဍအလိုက် အကောင်းဆုံး ဓာတ်ပုံဆုတွေ ရရှိခဲ့ပါတယ်။

play
ဗြိတိန်ဓာတ်ပုံဆရာ Sue O'Connell ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့အနီးမှာ တွေ့ရတဲ့ မယ်သီလရှင်လေးများ ပုံဖြစ်ပါတယ်။

 

ဒတ်ခ်ျလူမျိုး ဓာတ်ပုံဆရာ မာဆဲလ် ဗန် အော့စ်တင်းရဲ့ ဓာတ်ပုံကတော့ ပြိုင်ပွဲဓာတ်ပုံများ အားလုံးအနက် အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။

play
ဗီယက်နမ်နိုင်ငံ ဟန်းဂ်ယန်ပြည်နယ် တတ်ဗီယန်ကျေးရွာမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဗီယက်နမ် အမျိုးသားတစ်ဦးက ငါဖမ်းမြှုံးတွေကို စက်ဘီးတစ်စီးဖြင့် သယ်ဆောင်သွားနေတဲ့ ပုံဖြစ်ပါတယ်။ ဗီယက်နမ် ဓာတ်ပုံဆရာ Ly Hoang Long ရဲ့ လက်ရာဖြစ်ပါတယ်။

ယခုနှစ် ခရီးသွား ဓာတ်ပုံပြိုင်ပွဲကို နိုင်ငံ ၁၁၀ နိုင်ငံမှ ဓာတ်ပုံဆရာတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆုရ ဓာတ်ပုံတွေကို စာအုပ်ထုတ်မှာဖြစ်ပြီး လန်ဒန်ဒေါ့ခ်လန်းဒ်စ် ပြတိုက်မှာ ထားရှိပြသသွားမှာပါ။

play
သြစတြေးလျ ဓာတ်ပုံဆရာ Brigitta Moser ရဲ့ ဓာတ်ပုံလက်ရာပါ။ တောင်အာဖရိကနိုင်ငံမှာ မနက်စောစော တွေ့ရတဲ့ မြွေပါတစ်ကောင်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play
ပြိုင်ပွဲဝင် ဓာတ်ပုံအားလုံးအနက် အကောင်းဆုံး ဓာတ်ပုံအဖြစ် ဆုရရှိခဲ့တဲ့ ဒတ်ခ်ျလူမျိုး Marsel van Oosten ရဲ့ လက်ရာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ လူဝီစီနားပြည်နယ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play
ဂျာမနီဓာတ်ပုံဆရာ Stephan Fürnrohr ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဂရင်းမှာရှိတဲ့ Disko ပင်လယ်အော်မှ ရေလှိုင်းပုံ ဖြစ်ပါတယ်

play
ခရီးသွားဓာတ်ပုံပြိုင်ပွဲရဲ့ လူငယ်ဆရာ ဆုရဓာတ်ပုံ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် အမေရိကန် ဓာတ်ပုံဆရာ Chase Guttman ရဲ့ လက်ရာပါ။ လီဆိုသိုမှာ ရိုက်ထားတဲ့ ဘတ်ဆူတို မျိုးနွယ်စုခေါင်းဆောင်နဲ့ သိုးထိန်းသမားအချို့ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play
ဒတ်ခ်ျလူမျိုး ဓာတ်ပုံဆရာ Marsel van Oosten ရဲ့ လက်ရာပါ။ နမီးဘီးယားနိုင်ငံ ဝေါဗစ်ပင်လယ်အော်အနီး အတ္တလန်တစ် သမုဒ္ဒရာအတွင်း သင်္ဘောတစ်စီးပေါ်မှ ရိုက်ကူးထားတဲ့ အဖြူရောင် ငှက်ကြီးဝန်ပိုတစ်ကောင်က ကင်မရာကို စူးစမ်းနေတဲ့ ပုံဖြစ်ပါတယ်။

play
ဗြိတိန်ဓာတ်ပုံဆရာ James Morgan ရိုက်ကူးထားတဲ့ ရုရှားအမဲလိုက်သမားက ၎င်း ပစ်ခတ်ခဲ့တဲ့ ဝံပုလွေခေါင်းကို ကိုင်ထားတဲ့ပုံ ဖြစ်ပါတယ်။

 

play
ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့ရှိ အမှိုက်ပုံမှာ အလုပ်လုပ်ရတဲ့ ကလေးတစ်ဦးရဲ့ ပုံကို ဗြိတိန် ဓာတ်ပုံဆရာ Timothy Allen က ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

play
စပိန်နိုင်ငံမှ သဘာဝမြင်ကွင်းတစ်ခုကို ဓာတ်ပုံဆရာ Franciso Mingorance က မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

play
အသက် ၁၈ နှစ်အရွယ် အမေရိကန် ဓာတ်ပုံဆရာ Spencer Cox ရဲ့ ဓာတ်ပုံလက်ရာ ဖြစ်ပါတယ်။ အိုက်စ်လန်းမှာရှိတဲ့ ဂျိုကူလ်ဆာလွန် ကမ်းခြေမြင်ကွင်းတစ်ခုကို ရိုက်ကူးထားတာပါ။

play
ဒတ်ခ်ျလူမျိုး ဓာတ်ပုံဆရာ Jasper Doest ရိုက်ကူးထားတဲ့ စပိန်နိုင်ငံမှ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ