Lifestyle: ကျေးဇူးတင်ကြောင်း ပြောဖို့ အကောင်းဆုံး နည်းလမ်း (၅) သွယ်

, updated

နှစ်တစ်နှစ် ကုန်ဆုံးချိန်မှာ တစ်နှစ်တာလုံး ကိုယ်နဲ့ အတူရှိနေပေးခဲ့သူ ဒါမှမဟုတ် ကိုယ့်အတွက် အချိန်ပေး၊ နားလည်မှုပေးခဲ့သူကို ကျေးဇူးတင်ကြောင်း ပြောချင်ကြသလို ပြောတဲ့အခါမှာ ထိရောက်ဖို့ လိုပါတယ်။

အခုဖော်ပြမယ့် နည်းလမ်းလေးတွေက ကျေးဇူးတင်ခံရသူ ကြည်နူးကျေနပ်စေမယ့် ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ နည်းလမ်းလေးတွေပါ။

၁။ ကျေးဇူး ပုလင်းလေးတစ်ခု ဖန်တီးပါ။

play

 

ကိုယ်ဘယ်လို ကျေးဇူးတင်ကြောင်း၊ ဘာကြောင့် ကျေးဇူးတင်ကြောင်း စသဖြင့် ကိုယ်ပြောချင်တာလေးတွေကို စာတိုလေးတွေ ရေးပြီး ပုလင်းလှလှလေးထဲ ထည့်လိုက်ပါ။ ချစ်စဖွယ်ကောင်းတဲ့ စာတိုလေးတွေကို တစ်ခုချင်း ဖွင့်ဖတ်ရတာကို ဖတ်ရသူက နှစ်သက်မှာ သေချာပါတယ်။

၂။ အထူးစားဖွယ်တစ်ခု ဖန်တီးပါ။

play

 

ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ အစားအစာတစ်ခုဟာ ဘယ်လောက်ကျေးဇူးတင်တယ် ဆိုတာ ပြသဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ မုန့်တစ်ခုခု ဒါမှမဟုတ် ကိုယ်ကျေးဇူးတင်ချင်တဲ့သူ အကြိုက်ဆုံး ညစာတစ်မျိုးကို ချက်ပြုတ်ပြီး အတူစားတာလောက် ကြည်နူးစရာကောင်းတာ ရှိပါ့မလား။

၃။ သေတ္တာလေးတစ်ခုပေးပါ။

play

 

ကိုယ်ပြောချင်တဲ့ စာသားလေးတွေကို ရောင်စုံစက္ကူလေးတွေနဲ့ ရေးပြီး ရတနာသေတ္တာလို သေတ္တာလှလှတစ်ခုထဲကို ထည့်ပေးပါ။ ဒါဟာ ကိုယ့်အတွက် လုပ်ပေးခဲ့တာတွေအတွက် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာကို ဖော်ပြတဲ့ နည်းလမ်းပါပဲ။

၎။ ကျေးဇူးတင်လွှာ တစ်ခုပေးပါ။

play

 

ကျေးဇူးတင်လွှာတစ်ခု ဖန်တီးလိုက်ရင် သူ ကိုယ်နဲ့အတူရှိနေတဲ့ အချိန်တွေဟာ ဘယ်လောက်အထိ သာယာကြောင်း အပြည့်အစုံ ထည့်ရေးလို့ရပါတယ်။ စာရှည်ရှည်ရေးချင်သူတွေ အတွက် အဆင်ပြေသလို ဖတ်ရသူအတွက်လည်း ကြည်နူးမှုအပြည့် ရရှိနိုင်တဲ့ နည်းလမ်းပါပဲ။

၅။ ပန်းစည်းပေးပါ။

play

 

ပန်းမကြိုက်တဲ့သူ ဒီကမ္ဘာမှာ ရှိပါ့မလား။ ကိုယ်ချစ်ခင်သူအကြိုက်ဆုံး ပန်းတွေကို စုစည်းပြီး လှပတဲ့ ပန်းစည်းလေးတစ်ခု ဖန်တီးလိုက်ပါ။

Source & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ