AD
AD
AD
play

၄၅ ဒီဂရီလှည့်လိုက်ပါ။ ပုံပါအတိုင်း ပခုံးတွေက ကင်မရာဘက်ကို မူထားပါ။ ခြေထောက်တစ်ဖက်ကို ရှေ့နည်းနည်းထုတ်ထားပြီး နောက်ခြေထောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး အားပြုထားပါ။

play

 

ပုံထဲမှာ ခါးကို သေးသွယ်စေပြီး ပေါင်တံ ပိုရှည်လာစေပါမယ်။ အရပ်လည်း ရှည်တယ်လို့ ထင်ရစေပါတယ်။

play

 

တစ်ယောက်ယောက်ရဲ့ ရင်ဘတ်ပေါ် ဒါမှမဟုတ် ဗိုက်ပေါ် လက်တင်ပြီး ရိုက်မယ်ဆို တင်ထားမယ့်လက်က ကိုယ့်ခန္ဓာကိုယ်နဲ့ ခွာထားဖို့ လိုပါတယ်။ ပုံမှာ တံတောင်ဆစ်ဟာ ခန္ဓာကိုယ်မှာ ကပ်မထားတာကို တွေ့ရပါမယ်။ဒါကြောင့် ခန္ဓာကိုယ်ရင်ဘတ်ပိုင်း ပျောက်မသွားဘဲ ပေါ်လွင်ပါမယ်။

play

 

အုပ်စုလိုက် ရိုက်လို့ ကိုယ်က အပြင်ဘက်ဆုံး ရောက်နေတယ်ဆိုရင် တင်ပါးကို အုပ်စုဘက်ကို နည်းနည်းပစ်ထားပြီး ပခုံးကို ကင်မရာဘက် မူလိုက်ပါ။ ပခုံးကို နောက်ဘက်ကို နည်းနည်းအားပြုထားဖို့လည်း လိုပါမယ်။အုပ်စုရဲ့အလယ်ဘက်ကို ရောက်နေတယ်ဆိုရင်တော့ ခန္ဓာကိုယ်အောက်ဘက်ပိုင်းကို အရှေ့ဘက် မသိမသာလေးရောက်အောင်နေပါ။  ဒါမှ သင့်ခန္ဓာကိုယ်က ပေါ်မှာ ဖြစ်ပါတယ်။

play

 

ထိုင်ခုံမှာ ထိုင်ပြီး ခြေချိတ်တဲ့ပုံ ရိုက်မယ်ဆိုရင် ထိုင်ခုံတည့်တည့်မှာ ချိတ်ပြီးထိုင်တာမျိုး မလုပ်ပါနဲ့။ ခြေထောက်ကို ဘေးဘက်ကိုလွှဲပြီး ချိတ်ပါ။ ပုံပါအတိုင်း ကင်မရာက ဘယ်ဘယ်မှာဆိုရင် ညာခြေက အပေါ်ကချိတ်ပါ။ ညာဘက်မှာဆိုရင် ဘယ်ခြေက ချိတ်ပါ။ ခြေဖဝါးနဲ့ ခြေချောင်းတွေက အောက်တည့်တည်ကို စိုက်ထားပါ။ သင့်ခြေထောက်က သွယ်လျပြီး ပေါ်လွင်နေမှာ ဖြစ်ပါတယ်။

Sources:  Huff Post
Photos Sources: Look, Huff Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD