Lifestyle: အသက်ရှည်ဖို့ နည်းလမ်း (၅) သွယ်

, updated

ဘဝမှာ အောင်မြင်ချမ်းသာကြွယ်ဝမှုတွေထက် ပိုပြီးအရေးကြီးတာက အသက်ရှည်ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ပါ။

play

 

အသက်ရှင်နေထိုင်တဲ့ ဘဝတစ်လျှောက်မှာ ကျန်းမာသန်စွမ်းနေဖို့က နံပတ်-၁ အရေးအကြီးဆုံးပါ။ ကျန်းမာရေး ကောင်းမှ ကျန်တဲ့ကိစ္စတွေဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဘဝမှာ ကျန်းမာပြီး အသက်ရှည်ဖို့ ဘယ်လိုနေထိုင်သင့်ပါသလဲ။ အခုဖော်ပြပေးမယ့် အချက်ငါးချက်ကို သင့်ကို အသက်ရှည်ဖို့ အထောက်အကူ ပြုမှာပါ။

ပြေးပါ

play

 

ပုံမှန်ပြေးတဲ့သူတွေ အသက်ရှည်ကြပါတယ်။ တစ်ပတ်ကို တစ်နာရီကနေ ၂.၄ နာရီကြား အပြေးလေ့ကျင့်ခန်း လုပ်ရင် ပိုအသက်ရှည်မယ်လို့ သုတေသီတွေ ပြောထားပါတယ်။

ကိုယ်အလေးချိန်ထိန်းပါ

play

 

အမြဲတမ်း ကိုယ်အလေးချိန်ကို စစ်ဆေးနေဖို့ လိုမှာပါ။ မကြာခဏဆိုသလို ကိုယ်အလေးချိန် တိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့ ကိုယ်အလေးချိန်တစ်ခုမှာ ရှိနေအောင် ကြိုးစားနေရင် အသက်ရှည်ဖို့ အထောက်အကူ ပြုမှာပါ။

ဆေးလိပ်မသောက်နဲ့

play

 

ဆေးလိပ်က အသက်တိုစေတာ လူတိုင်းသိပါတယ်။ သိရက်နဲ့လည်း သောက်နေကြတုန်းပါပဲ။ ဆေးလိပ်မသောက်ခြင်းက လူ့သက်တမ်းကို ၇ နှစ်ကျော်လောက် ပိုပြီးဆွဲဆန့်ပေးတယ်လို့ ဆိုပါတယ်။

သန်စွမ်းနေပါစေ

play

 

ခွန်အားပိုပြီး သန်မာတဲ့သူတွေက သာမန်လူတွေထက် ပျမ်းမျှအားဖြင့် နှစ်နှစ်လောက် ပိုပြီးအသက်ရှည်ရှည် နေနိုင်တာကို သုတေသန ပြုထားပါတယ်။ ဒါကြောင့် သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ပြီး နေထိုင်သင့်ပါတယ်။

အသားတွေရှောင်

play

 

အသားဟင်းတွေ များများစားတာက အသက်တိုစေပါတယ်။ လေ့လာချက်တစ်ခုအရ နေ့စဉ် အသားဟင်းတွေကို ၁၀ အောင်စ အောက်ပဲ စားတဲ့သူတွေက အသားများများစားတဲ့ သူတွေထက်ပိုပြီး အသက်ရှည်ကြပါသတဲ့။ ဒါကြောင့် အသားထက် အသီး အရွက်သာ များများစားရမှာပါ။


Source & Photos : msn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ