Lifestyle: ကခုန်ခြင်းက ဝိတ်ချရန် အကောင်းဆုံး နည်းလမ်းဖြစ်

, updated

ဝိတ်ချဖို့ နည်းလမ်းတွေတော့ အများကြီးပါ။

play

 

ဝိတ်ကျစေချင်ရင် ဘာလုပ်သင့်သလဲလို့ ဂူးဂဲလ်မှာ ရှာလိုက်တဲ့အခါ နည်းလမ်းပေါင်းစုံ ထွက်လာပါလိမ့်မယ်။ ပြေးမလား၊ ရေ ကူးမလား၊ လေ့ကျင့်ခန်းလုပ်မလား စတဲ့ရွေးချယ်စရာ နည်းလမ်းပေါင်းများစွာ လုပ်နိုင်ပါတယ်။

အခုနောက်ဆုံး သုတေသီတွေက ဖော်ထုတ်လိုက်တာကတော့ ဝိတ်ကျချင်ရင် “က” ပါလို့ ဆိုထားပါတယ်။ တစ်နေ့ကို မိနစ်သုံးဆယ်လောက် ကခုန်ခြင်းဟာ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ အခြားသော လေ့ကျင့်ခန်း လုပ်ခြင်းတွေထက်ပိုပြီး ထိရောက်အကျိုးရှိတယ်လို့ ဆိုပါတယ်။ မိနစ်သုံးဆယ်လောက် ကခုန်ခြင်းဟာ တစ်နာရီလောက် ရေကူးခြင်း၊ ပြေးခြင်းနဲ့ စက်ဘီးစီခြင်းတို့ထက် ပိုပြီး အကျိုး များတယ်လို့ သုတေသီတွေက ပြောထားပါတယ်။

play

 

ရုပ်ပိုင်းဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ က ခြင်းက အကျိုးပြုပါတယ်။ မိနစ်သုံးဆယ်လောက် က ပြီးသွားတဲ့အခါ ကိုလက်စထရောတွေ လျော့ကျသွားတဲ့အပြင် စိတ်ဖိစီးမှုနဲ့ အကောင်းမမြင်တဲ့ စိတ်တွေလည်း လျော့ကျသွားလေ့ ရှိပါတယ်။ ဒါကြောင့် ကျန်းမာအောင် နေထိုင်တဲ့ နည်းလမ်းထဲမှာ ကခုန်ခြင်းကိုလည်း မဖြစ်မနေ ထည့်သွင်းရမယ်လို့ သုတေသီတွေက အခိုင်အမာ ဆိုကြပါတယ်။

Source : dailymail

Photo : weknowyourdreams

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ