Lifestyle: လူတွေ မဆာဘဲ စားနေကြတဲ့ အကြောင်းအရင်း (၅) ခု

, updated

တစ်ယောက်ယောက်ကို လွမ်းတဲ့အခါ၊ တစ်ခုခုကို လိုအပ်တဲ့အခါမျိုးတွေမှာ လူတွေက အစာစားကြပါတယ်။

 

ပျင်းလို့

 

ပျင်းလို့ တစ်ခုခုလုပ်ချင်တဲ့အခါ ရေခဲသေတ္တာဆီ သွားပြီး တစ်ခုခု ထုတ်စားကြပါတယ်။ ဒါမှမဟုတ် ရပ်ကွက်ထဲဆင်းပြီး တစ်ခုခု ဝယ်ကြပါတယ်။ ဝယ်တာက စားစရာဖြစ်ပါတယ်။

အရသာခံချင်လို့

 

အရသာ တစ်ခုခုကို ခံစားချင်တာ ဖြစ်ပါတယ်(ဒါကလည်း ပျင်းတာနဲ့ ဆက်စပ်ပါတယ်။) ဒီလိုမျိုးဖြစ်ရင် ပီကေတို့ဘာတို့ ဝါးတာကောင်းပါတယ်။

လူမှုရေးကြောင့်

 

ကျွန်တော်တို့ဟာ လူမှုရေးအခြေအနေတစ်ခုထဲကို ရောက်သွားပြီး အဲ့ဒီ့အခြေအနေမှာ တစ်ခုခုကိုစားပြီး နေလိုက်တာက သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဥပမာ - အပေါင်း အသင်းမိတ်ဆွေတွေနဲ့ တွေ့ဖို့ ဆိုင်တစ်ဆိုင်ကိုသွားပါတယ်။ ဆိုင်ကို ရောက်ပြီဆို တစ်ခုခုစားရပါတော့တယ်။

စိတ်ခံစားချက်ကြောင့်

 

တစ်ခုခုကို သတိရတဲ့အခါ၊ တစ်ယောက်ယောက်ကို လွမ်းတဲ့အခါ၊ တစ်စုံတစ်ခုကို လိုအပ်တဲ့အခါ မျိုးတွေမှာ လူတွေဟာ အစာစားကြပါတယ်။  ဒါဟာ စိတ်ရဲ့လစ်ဟာမှုကို အစာစားမှုက ဖြည့်လိုက်တာ ဖြစ်ပါတယ်။

အလေ့အကျင့်

 

နေ့လယ်ပိုင်း ၂ နာရီလောက်မှာ အဆာပြေတစ်ခုခု စားဖို့ အလေ့အကျင့်လုပ်ထားသူဟာ အဲ့ဒီ အချိန်ရောက်ရင် စားရမှ သူ့စိတ်က အာသာပြေပါတယ်။

Sources: about health
Phtoso Sources: www.wildgeese.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ