Lifestyle: နှင်းဆီရောင် ရေခဲကမ္ဘာ

ရေခဲတွေနဲ့ အဆောက်အအုံတွေ ရုပ်တုတွေကို အလှဆင်မီးတွေနဲ့ တွဲစပ်ထားတဲ့အလှကြောင့် ချမ်းအေးမှုကိုတောင် မေ့လျော့သွားရပါတယ်။

play

 

ပုံတွေကို မြင်လိုက်ရတာနဲ့ အံ့သြပျော်ရွှင်သွားတယ်မဟုတ်လား။

play

 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ဟေလောင်ကျင်းပြည်နယ်မှာ ရေခဲတွေနဲ့ အလှဆင်မှုကို နှစ်စဉ် ပြုလုပ်လေ့ရှိပါတယ်။ ဟာဘင်းမြို့ရဲ့ ရေခဲအလှဆင်မှုဟာ ဒေသခံတွေကိုသာမက အနယ်နယ်အရပ်ရပ်က ဧည့်သည်တွေကိုပါ ဆွဲဆောင်နေတာပါ။

play

 

ရေတွေခဲတဲ့အချိန်ရောက်ပြီဆိုရင် ဒီလိုမျိုး အလှဆင်တော့တာပါပဲ။ ရေခဲတွေကို ထုဆစ်ပုံဖော်ပြီး မီးတွေထွန်းညှိ အလှဆင်ထားတဲ့ အလှအပကြောင့် ဟာဘင်းမြို့လေးကို ကြည့်ရတာ ပျော်စရာကောင်းနေပါတယ်။ ဒီလိုအချိန်ဆို လာရောက်လည်ပတ်သူ သောင်းဂဏန်းမျှ ရှိတယ်လို့ သိရပါတယ်။

Source & Photo : CCTV

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ