Lifestyle: အိမ်မှာနေ့တိုင်း ဂိမ်းထိုင်ဆော့တဲ့အလုပ်နဲ့ ဝင်ငွေဖြောင့်နေသူ

ဒါမျိုးအလုပ်ကို ရဖို့ဆိုတာဂိမ်းဝါသနာအိုးတိုင်း စိတ်ကူးယဉ်ဖူးကြမယ် ထင်ပါတယ်။

play

 

ဂိမ်းဝါသနားအိုးတွေတိုင်း လုပ်ချင်တဲ့ အလုပ်တစ်ခုကို အင်္ဂလန်မှာ နေထိုင်တဲ့ ဂျေမီဘိတ်ဆန်ဆိုတဲ့ အမျိုးသားတစ်ဦးက လုပ်ခွင့်ရထားပါတယ်။ သူရဲ့ အလုပ်က အိမ်မှာထိုင်ပြီး နေ့တိုင်း FIFA ဘောလုံးပွဲ ဂိမ်းတွေ ကစားရတဲ့ အလုပ်ဖြစ်ပါတယ်။

play

 

အစကတော့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်က စက်ပြင်ဆရာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ ဗီဒီယိုဂိမ်း ကစားပြီး သူ့ရဲ့ကိုယ်ပိုင် Youtube ချန်နယ်ကနေ ဗီဒီယိုတွေလွှင့်တင်ခဲ့ပြီးနောက်ပိုင်း ဒီအလုပ်လုပ်ဖြစ်ဖို့ လမ်းစပွင့်လာတာပါ။ သူ့ရဲ့ချန်နယ်ဟာ လူသိများလာတဲ့နောက်ပိုင်း အမေရိကရင်းနှီးမြုပ်နှံသူ အဖွဲ့တစ်ဖွဲ့က သူ့ကိုဆက်သွယ်ပြီး စီးပွားဖြစ် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အခု သူက အလုပ်တောင်ထွက်လိုက်ပါပြီ။ အိမ်မှာ တစ်နေ့ကို ၁၂ နာရီလောက် ဂိမ်းကစားရပြီး အွန်လိုင်းပေါ် တင်ရပါတယ်။ FIFA ဂိမ်းဝါသနာရှင်တွေအတွက် အကြံပြုချက်တွေ ပေးရတာပါ။ နေ့စဉ် အိမ်မှာ ဂိမ်းထိုင်ကစားပြီး ဝင်ငွေဖြောင့်တဲ့ အလုပ်ကို ဂိမ်းဝါသနာရှင်တိုင်း လုပ်ချင်ကြမှာ အသေအချာပါ။

Source & Photos  : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ