Lifestyle: ဝိတ်ကျချင်ရင် မှန်ရှေ့မှာ ထမင်းစား

မှန်ရှေ့မှာ စားတဲ့အခါ သူတို့စားတဲ့ အစားအစာတွေကို အရသာမရှိသလို ခံစားရပါတယ်။

play

 

မှန်ရှေ့မှာ အစာစားတာဟာ ဝိတ်ကျစေတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။    Central Florida တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုမှာ ဒီလိုမျိုးတွေ့ရှိခဲ့တာဖြစ်ပြီး လူတွေဟာ မှန်ရှေ့မှာ စားတဲ့အခါ သူတို့စားတဲ့ အစားအစာတွေကို အရသာမရှိသလို ခံစားကြရတယ်လို့ သိရပါတယ်။

play

 

အဆိုပါသုတေသနမှာ လူတွေကို မှန်ရှိတဲ့အခန်းနဲ့ မှန်မရှိတဲ့ အခန်းတွေမှာ အစားအစာတွေ စားခိုင်းခဲ့တာဖြစ်ပြီး ယခုလိုရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ မညီညွတ်တဲ့ အစားအစာကို မှန်ရှေ့မှာ စားတဲ့အခါ လူတွဟာ မညီညွတ်တဲ့အစားအသောက် စားရတာကို စိတ်လက်မကြည်မသာလည်း ဖြစ်ကြတယ်လို့ သိရပါတယ်။

Photos & Sources: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ