Lifestyle: ဂျပန်တွေ ထွင်ထားတဲ့ ပေါက်ပေါက်ရှာရှာ ပစ္စည်းတွေ

ထွင်ပဲထွင်လွန်းတာလား လူတွေပဲ လိုက်မမီတော့တာလား မပြောတတ်တော့ပါဘူး။

play

 

တီထွင်မှုမှာတော့ ဂျပန်ကို မမီနိုင်ပါဘူး။ လူငယ်တွေကအစ သက်ကြီးပိုင်းတွေအဆုံး တီထွင်ဖန်တီးမှုကို နှစ်သက်ကြပါတယ်။ ဂျပန်တွေရဲ့ စိတ်ကူးကောင်းကောင်းနဲ့ ထွင်ထားတဲ့ ပစ္စည်းတွေက တကယ်တမ်းမှာ အသုံးမဝင်ဘဲ ဂွမ်းသွားခဲ့ရတာတွေ တစ်ပုံကြီးပါပဲ။

၁။ တစ်ကိုယ်လုံး လုံတဲ့ ထီး

play

 

မိုးကာလည်းမဟုတ် ထီးလည်းမဟုတ် ထွင်ထားတဲ့ပုံက ရယ်စရာပါ။ ဒီပစ္စည်းကို အသုံးပြုမယ်ဆို ဘယ်သူနဲ့မှ ဘာကိုမှ ထိတွေ့ကိုင်တွယ်နိုင်တော့မှာ မဟုတ်ပါဘူး။

၂။ ခေါင်းပေါ်က တစ်သျှူးလိပ်

play

 

နှာစေးသူတွေအတွက် ရည်ရွယ်ပြီး ထွင်ထားတာပါ။ နှာစေးနေချိန်မှာ တစ်သျှူးကို လွယ်လင့်တကူ ယူနိုင်အောင်လို့ပါတဲ့။

၃။ မေးထောက်တဲ့ ကိရိယာ

play

 

ဘတ်စ်ကားစီးရင်း ရထားစီးရင်း အိပ်ငိုက်တတ်ရင် ဒါလေးဆောင်ထားပြီး မတ်တပ်ငိုက်ဖို့အတွက်ဆိုပဲ။

၎။ မျက်စဉ်းခတ် မျက်မှန်

play

 

မျက်စဉ်းတွေ မဖိတ်မစင်ရလေအောင် ကတော့ပါတဲ့ ဒီမျက်မှန်ကို တပ်ပြီး မျက်စဉ်းခတ်နိုင်ပါတယ်။ ဒီပစ္စည်းကို ဘယ်သူတွေ ဘယ်လောက်တောင် ဝယ်ကြလဲဆိုတာတော့ မသိရပါဘူး။

Source & Photo : Justsomething

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ