Lifestyle: နှစ်သစ်ကူးနဲ့ ခရစ္စမတ်မှာ ရန်ကုန် ဘယ်နေရာတွေ သွားမလဲ

ရန်ကုန်မြစ်အတွင်း သင်္ဘောစီးချင်တယ်ဆိုရင်တော့ Royal Green River Cruise အပျော်စီး ဇိမ်ခံသင်္ဘောရှိပါတယ်။

play

 

ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာပလာဇာမှာ ခရစ္စ မတ်နဲ့ နယူးရီးယား ညတွေအတွက် ပျော်စရာ အစီအစဉ်တွေရှိနေပါတယ်။ ဂျွမ်းဘားတွေ၊ ဆပ်ကပ်တွေနဲ့ အကတွေရှိမှာ ဖြစ်ပါတယ်။နှစ်သစ်ကူးမှာတော့ ဒီဂျေနဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွကို ဖန်တီးထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြစ်အတွင်း သင်္ဘောစီးချင်တယ်ဆိုရင်တော့  Royal Green River Cruise အပျော်စီး ဇိမ်ခံသင်္ဘောရှိပါတယ်။ တစ်ယောက်ကို ၂၅၀၀၀ ကုန်ကျမှာ ဖြစ်ပြီး  ရန်ကုန်မြစ်အတွင်းမှာ ညနေ ၅ နာရီ ၇ နာရီထိ၂ နာရီစီးရမှာ ဖြစ်ပါတယ်။ ဘူဖေးနဲ့ ဖျော်ဖြေရေးအစီအစဉ်ရှိပါတယ်။

play

 

တိရိစ္ဆာန်ရုံနဲ့ ဟက်ပီးဝေါလ်မှာတော့ ထူးခြားနေ့ရက်တွေတိုင်း လုပ်ဆောင်နေတဲ့ အထူးအစီအစဉ်တွေ၊ အကတွေ၊ မျက်လှည့်တွေ ပျော်ပွဲရွှင်ပွဲတွေ ရှိပါမယ်။

Photos & Sources: စိုင်းဇော် & 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ