Lifestyle: နှစ်သစ်ကူးမှာ အမူးမလွန်စေဖို့

, updated

လာမယ့် နှစ်သစ်ကူးညမှာပဲ ဖြစ်ဖြစ်၊ အခုခရစ္စမတ်ကာလမှပဲ ဖြစ်ဖြစ် Hangover လို့ခေါ်တဲ့ အမူးလွန်တာမျိုး မဖြစ်ရအောင် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကိုဖော်ပြပေးထားပါတယ်။

play

 

မကြာခင် နှစ်သစ်ကူးညက ရောက်လာတော့မှာပါ။ အခုကတော့ ခရစ္စမတ်အားလပ်ရက်နဲ့ စနေ၊ တနင်္ဂနွေဆက်နေလို့ အပေါင်းအသင်းတွေ တွေ့ကြပြီး ပါတီပွဲတွေ ဆင်နွှဲကြမယ့်သဘောမှာ ရှိပါတယ်။ လာမယ့် နှစ်သစ်ကူးညမှာပဲ ဖြစ်ဖြစ်၊ အခုခရစ္စမတ်ကာလမှပဲ ဖြစ်ဖြစ် Hangover လို့ခေါ်တဲ့ အမူးလွန်တာမျိုး မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကိုဖော်ပြလိုက်ပါတယ်။

ဒီအချက်တွေ လိုက်နာမယ်ဆိုရင်တော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပါတီညတွေအပြီး နောက်တစ်နေ့မှာ အေးအေးဆေးဆေး နေနိုင်မှာပါ။

၁။ ရေများများသောက်ထားပါ။ ပါတီရှိမယ့်ညမျိုးမတိုင်ခင် အဲဒီနေ့တစ်နေ့လုံး ရေသာများများ သောက်ထားပါ။ ရေဓာတ်ခမ်းစေတဲ့ ကဖိန်းနဲ့ အားဖြည့်အချိုရည်တွေ သောက်တာမျိုး အဲဒီနေ့မှာ ရှောင်ပါ။

၂။ မသောက်ခင် စားပါ

မသောက်ခင်စားရင် ဘယ်လိုလုပ် သောက်နိုင်တော့မလဲလို့ ပြောစရာဖြစ်နေမယ်ထင်ပါတယ်။ စားပါ။ ထမင်းစားသလို အဝစားတာမျိုးမဟုတ်ပဲ အစာအိမ်ထဲမှာ အစာခံနေအောင် တစ်ခုခု စားထားသင့်ပါတယ်။

၃။ သောက်နေတုန်း အချိုရည်တွေ တွဲသောက်ပါ။ ဘီယာပဲသောက်သောက်၊ ဝီစကီပဲ သောက်သောက် သောက်နေတုန်းမှာ အခြားဖျော်ရည်တွေ နဲနဲသောက်ပေးပါ။

play

 

၎။ အကိုက်အခဲ ပျောက်ဆေး ကြိုသောက်ထားပါ

အားရပါးရ သောက်ပြီးလို့ အိပ်ယာဝင်တဲ့အခါ နာကျင်မှုကို ကာကွယ်ပေးတဲ့ ဆေးတစ်မျိုးမျိုး ကြိုသောက်ထား လိုက်ပါ။ ဒီနည်းလမ်းက ပုံမှန်သောက်သုံးသူတွေအတွက်လည်း သင့်တော်ပါတယ်။ အိပ်ယာနိုးတဲ့အခါ သင့်ကို ခေါင်းကိုက်တာတွေက ကာကွယ်ပေးပါတယ်။

၅။ ကော်ဖီသောက်ပါ

နောက်တစ်နေ့မနက် နိုးလာတဲ့အခါ ကော်ဖီနည်းနည်းသောက်ပေးလိုက်ပါ။ သီအိုရီအရတာ့ ကော်ဖီက သွေးကြောကျဉ်းစေတယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ အမူးလွန်တာကို ချက်ခြင်း ဖြေလျော့ပေးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ