Lifestyle: အရက်နဲ့ တွဲမစားသင့်တဲ့ အစားအသောက်တွေ

, updated

ဘီယာပဲ သောက်သောက်၊ အရက်ပဲ သောက်သောက် ဘယ်လိုအခါမျိုးမှာပဲ သောက်သောက်၊ သောက်ရင်းနဲ့ တွဲစားဖို့ မသင့်တဲ့ အစားအစာတွေ ရှိပါတယ်။

play

 

ဘီယာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အပေါင်းအသင်းတွေစုံလာတဲ့အခါ၊ ပါတီတွေရှိတဲ့ အခါနဲ့ ငြင်းမရတဲ့အခါမျိုးတွေမှာ သောက်ဖူးကြမှာပါ။ တစ်ခါတစ်ရံသောက်တာဟာ ပြဿနာမဟုတ်ပါဘူး။ ဘီယာသောက်တဲ့အခါ ရှောင်ရမယ့် အစားအစာတွေရှိပါတယ်။အဲဒါတွေကတော့.

၁။ ချောကလက်

ဘီယာနဲ့ အရက်သောက်ပြီးရင် ချောကလက် စားဖို့ လုံးဝ မသင့်တော်ပါဘူး။ ကဖိန်းဓာတ်၊ အက်စစ်ဓာတ်တွေဟာ ချောကလက်စားတဲ့အခါ ရလာတတ်တာကြောင့် သောက်ပြီးချိန်မှာ မစားသင့်ပါဘူး။

၂။ ဆီကြော်များ

သောက်တဲ့အချိန်မှာ အာလူးကြော်ပဲဖြစ်ဖြစ် ဆီကြော်တစ်မျိုးမျိုးကိုတော့ အားလုံး စားဖူးကြမှာပါ။ အမှန်တော့ သောက်နေတဲ့အချိန်မှာ ဆီကြော်တွေကိုလည်း ရှောင်သင့်ပါတယ်။

play

 

၃။ လိမ္မော်ရည်

လိမ္မော်ရည်က အမူးပြေတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ သောက်ပြီးတဲ့အချိန်မှာ လိမ္မော်ရည်ကို လုံးဝမသောက်သင့်ပါဘူး။ အက်စစ်ဓာတ်က သင့်ကို အန္တရာယ်ပေးနိုင်ပါတယ်။

၎။ သကြားလုံး

သကြားလုံးလည်း လုံးဝမစားသင့်ပါဘူး။ သောက်နေတဲ့အချိန်မှာ အချိုစားတာကို သင့်ကို ပိုပြီး သောက်ချင်စိတ်ဖြစ်စေပါ တယ်။

play

 

၅။ အစပ်စာများ

သောက်နေတဲ့အချိန်မှာ အစပ်လည်း လုံးဝမစားသင့်ပါဘူး။ အယ်လ်ကိုဟောတွေကို သောက်နေတဲ့အချိန် အစပ်လည်း စားလိုက်တဲ့အခါ သင့်ရဲ့အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ