Lifestyle: ဘောက်ဆင်ဒေးဟု ဘာကြောင့်ခေါ်

ခရစ္စမတ်အပြီးနောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ဟာ ဘောက်ဆင်ဒေးလို့ခေါ်တဲ့ အားလပ်ရက် ဖြစ်ပါတယ်။

play

 

ခရစ္စတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ္စမတ်နေ့အပြီး နောက်တစ်ရက်ဟာ ဘောက်ဆင်ဒေး ဖြစ်ပါတယ်။ ဘောက်ဆင်ဒေးန့ဟာ အနောတိုင်းဒေသအတော်များများမှာတော့ အများပြည်သူ ရုံးပိတ်ရက်လို့ သတ်မှတ်ကြပြီး မိသားစုတွေအားလုံး စုံစုံညီညီ ရှိကြတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့ကို ဘောက်ဆင်ဒေးလို့ ခေါ်ရတဲ့ အကြောင်းအရင်း ရှိပါတယ်။

ခရစ္စမတ်ပွဲတော် အကြီးအကျယ်ကျင်းပကြတဲ့ နေရာတွေမှာတော့ ခရစ္စမတ်နေ့ဟာ လူတိုင်းနီးပါး လက်ဆောင်ရကြတဲ့ နေ့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်တွေဆီက၊ ကိုယ့်ရဲ့ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေ ဆီက၊ သူငယ်ချင်းတွေဆီက လက်ဆောင်တွေ ရကြတဲ့နေ့ပါ။

play

 

ခရစ္စမတ်နေ့မှာ ရတဲ့လက်ဆောာင်ကို ခရစ္စမတ်နေ့မှာ ဖွင့်ဖောက်ကြလေ့ မရှိပါဘူး။ ခရစ္စမတ်ကာလအပြီး နောက်တစ်ရက်မှသာ လက်ဆောင်ဘူးတွေဖွင့်လေ့ရှိပါတယ်။ ဒီတော့ လက်ဆောင်ဘူး(Box) တွေကို ဖွင့်ဖောက်တဲ့ နေ့ကို ဘောက်ဆင်ဒေး(Boxing Day) အဖြစ် သတ်မှတ်ကြပါတယ်။

အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျနဲ့ အချို့နိုင်ငံတွေမှာတော့ ဘောက်ဆင်ဒေးဟာ ဘဏ်ပိတ်ရက် ဖြစ်ပါတယ်။

Source : wikipedia

Photos: lostlovelounge, platform505

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ