Lifestyle: ရွှေငါး တစ်ကောင် ရေနွေးခွက်ထဲ ရောက်နေသည်

ကိုယ်သောက်နေတဲ့ ရေနွေးခွက်ထဲမှာ ရွှေငါးလေးတစ်ကောင်ကို မြင်ရတာ စိတ်ဝင်စားစရာပါ။

play

 

ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ ရေနွေးခွက်ထဲမှာ ရွှေငါးလေးတစ်ကောင် ရောက်နေပါတယ်။

ထိုင်ဝမ်နိုင်ငံက ဈေးကွက်ချဲ့ထွင်သူတွေရဲ့ အမြင်ကတော့ အတော်စူးရှပါပေတယ်။ သာမာန် လက်ဖက်ခြောက်အိတ်ကလေးတွေကိုပဲ လူတွေ စိတ်ဝင်စားလာအောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ လက်ဖက်ခြောက်တွေ ထည့်ထားတဲ့ ငါးပုံစံ အိတ်ကလေးကြောင့် ရေနွေးသောက်နေရင်း စိတ်ကြည်နူးမှုကို ရရှိစေနိုင်မယ်လို့လည်း ယူဆရပါတယ်။

play

 

Charm Villa ကုမ္ပဏီက အဲ့ဒီ ငါးရုပ်လက်ဖက်ခြောက်အိတ်လေးတွေကို ရောင်းချတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မသေးပါဘူး။ အထုပ်သေး ၁၂ ထုပ်ပါ ဘူးတစ်ဘူးကို ၃၅ ဒေါ်လာနဲ့ ထိုင်ဝမ်မှာ ရောင်းချပါတယ်။

Source & Photo : Buzzfeed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ