Lifestyle: နယူးယော့ခ်တွင် အမေငှားနိုင်ပြီ

အမေရိကန် အမျိုးသမီးတစ်ဦးက အမေလိုအပ်နေတဲ့ သူများအတွက် မိခင်အငွေ့အသက် ရရှိစေဖို့အတွက် အမေငှားတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ထားပါတယ်။

play
Need a Mum လုပ်ငန်းကို တည်ထောင်ခဲ့သူ နီနာကန်နယ်လီ။

ကိုယ်တိုင်လည်း အရွယ်ရောက် သားသမီးနှစ်ဦးရှိတဲ့ အသက် ၆၃ နှစ်အရွယ် နီနာကန်နယ်လီက နယူးယော့ခ်မှာ နေထိုင်သူတွေ အမေ မရှိတဲ့ဘဝကို ဖြတ်သန်းစရာ မလိုအောင် ‘Need a Mom’ ဆိုတဲ့ လုပ်ငန်းကို တည်ထောင်ခဲ့တာပါ။

သူမကို တစ်နာရီ  အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်နဲ့ ငှားနိုင်ပါတယ်။ ဈေးနှုန်းအတိအကျကတော့ ဘယ်လို ဝန်ဆောင်မှုမျိုး လိုချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်တဲ့။

play

 

သူမပေးမယ့် ဝန်ဆောင်မှုတွေထဲမှာတော့ မိခင်တစ်ယောက်လို စကားပြောပေးတာ၊ နားထောင်ပေးတာ၊ အကြံဥာဏ်ပေးတာ အပြင် မီးပူတိုက်၊ သန့်ရှင်းရေးတို့လို အိမ်မှုကိစ္စတွေကိုလည်း လုပ်ပေးနိုင်ပါတယ်တဲ့။

“အမေတစ်ယောက်က ကျွန်မဆီဖုန်းဆက်တယ်။ သူ့သမီးက ခွဲခန်းဝင်ထားရတဲံအတွက် သူ့ကို ကြည့်ရှုပေးပြီး အားလုံး အဆင်ပြေသလား ကြည့်ဖို့ပါ” လို့ နီနာက သူ့ရဲ့ဝန်ဆောင်မှု အတွေ့အကြုံတစ်ခုကို ပြောပြပါတယ်။

play

ရုပ်ရှင်အတူကြည့်ပေးဖို့လည်း ခေါ်နိုင်ပြီး ပေါက်ပေါက်ဆုပ်တွေနဲ့အတူ သူမ ရောက်လာပါလိမ့်မယ်။

အိမ်စာတွေကိုလည်း သူမက ကူစစ်ပေးပါတယ်။

play

 

ဒါပေမဲ့ အိမ်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး သူမက တစ်ခုကိုတော့ သေချာအောင် ပြောပါတယ်။

“အမေအားလုံး ပြောကြသလိုပဲ။ ကျွန်မက ရှင်တို့ရဲ့ အိမ်ဖော်တော့ မဟုတ်ဘူး” လို့ နီနာက ဆိုပါတယ်။

News.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ