Lifestyle: တိရစ္ဆာန်လေးတွေနဲ့ ဆယ်ဖီလှလှ ရိုက်နည်း

, updated

ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေနဲ့အတူ ဆယ်ဖီပုံ လှလှ ရိုက်ချင်တယ်ဆိုရင်တော့ အယ်လန်ပြောတဲ့ နည်းလမ်းက အသုံးဝင်ပါလိမ့်မယ်။

 

အိုင်ယာလန်နိုင်ငံသား အယ်လန် ဒစ်စန်ကတော့ အံ့မခန်းပါပဲ။ သူ့ရဲ့ ပုံတွေကိုမြင်ရတာနဲ့တင် ပြုံးမိစေပါတယ်။

 

သူက ခရီးသွားလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သွားရင်းလာရင်းနဲ့ တိရစ္ဆာန်လေးတွေနဲ့လည်း ဆယ်ဖီပုံတွေ ရိုက်ခဲ့ပါသေးတယ်။

 

ခွေးတွေနဲ့အတူ ကားစီးရင်းရိုက်တဲ့ဆဲ့လ်ဖီ၊ ဘဲနဲ့ နှုတ်ခမ်းချင်းတေ့ပြီး ပေါင်မုန့်စားတဲ့ပုံ စတဲ့ ပုံလေးတွေကြောင့် သူ့ကို လူတွေ စိတ်ဝင်စားလာပါတယ်။

 

တိရစ္ဆာန်တွေနဲ့အတူ ဓာတ်ပုံရိုက်ရတာ မလွယ်ပါဘူး။ ဒီလိုမျိုး ပုံကောင်းကောင်းလေးတွေ ရဖို့ဆိုတာ ပိုလို့တောင် ခက်ပါသေးတယ်။ သူ့လိုမျိုး တိရစ္ဆာန်လေးတွေနဲ့အတူ ဆယ်ဖီလှလှ ရိုက်ချင်တယ်ဆိုရင်တော့ အဓိက လိုအပ်တာ စိတ်ရှည်ဖို့ပါတဲ့။

 

သူတို့ ရင်းနှီးလာအောင်၊ ကိုယ်က အန္တရာယ်မပေးဘူးဆိုတာ နားလည်သွားအောင် စိတ်ရှည်ရှည်ထားပြီးမှ ဆယ်ဖီရိုက်ရင် ပုံကောင်းကောင်းလေးတွေ ရနိုင်တယ်လို့ သူက အကြံပေးပါတယ်။

Source & Photo : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ