AD
AD
AD
play

 

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ဆိုတာ ထင်ထားသလောက် အရမ်းကြီး မခက်လှပါဘူး။ ဒီ ရိုးရှင်းတဲ့ အချက် ၅ ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေဖို့ ကူညီနိုင်ပါလိ့မယ်။

၁။ မတ်မတ်နေပါ
ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားက ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကပါ ယုံကြည်မှုရှိစေနိုင်တဲ့ အချက်ပါ။ မတ်မတ်နေတဲ့ ကိုယ်နေဟန်ထားက ကိုင်းညွတ်နေတာထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်။

play

၂။ ပြုံးပါ
အပြုံးဆိုတာ အလွယ်တကူ ကူးလူးဆက်နွယ်တာမျိုးပါ။ သူစိမ်းတွေပင် ဖြစ်လင့်ကစား မျက်နှာချင်းဆိုင် တွေ့တဲ့အခါ ပြုံးပြလိုက်ရင် တစ်ဖက်ကလည်း ပြန်ပြုံးပြတတ်တာမျိုး ဖြစ်ပါတယ်။ ပြုံးပြခြင်းက ကိုယ်နဲ့ တွေ့ဆုံသူတွေအတွက် စိတ်ချမ်းသာစရာ ဖြစ်သလို ကိုယ့်အတွက်လည်း ကောင်းမွန်တဲ့ ခံစားမှုနဲ့ ယုံကြည်မှုကို ဖြစ်စေပါတယ်။

play

၃။ လူတွေကြားထဲ ထင်ရှားနေပါစေ
လူတွေကြားထဲမှာ ကိုယ့်ကို ထင်သာမြင်သာ ဖြစ်စေတဲ့ ဝတ်စားဆင်ယင်မှု ပြုပါ။ လူတွေရဲ့ရှေ့ ထွက်တတ်တဲ့ အလေ့အထက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်တက်စေပါတယ်။

play

၎။ အကောင်းမြင်ပါ
အဆိုးမြင်စိတ်တွေကို စွန့်ပစ်လိုက်ပါ။ အရာရာတိုင်းမှာ အဆိုးနဲ့အကောင်းက ရှိတတ်စမြဲပါ။ လူတွေနဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဆိုးတွေထက် အကောင်းတွေကို မြင်နိုင်အောင် ကြိုးစားပါ။

play

၅။ ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ
အဝတ်အစားဟာ အောင်မြင်မှုရဲ့ ပြယုဂ်လို့ပင် ဆိုပါတယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကို စမတ်ကျအောင် အချိန် အနည်းငယ်ယူပြီး ပြင်ဆင်ပါ။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုကို ကိုယ်တိုင် ကျေနပ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိနေမှာပါ။

play


Source: Lief Hack
Photo: cosmeticsmilestudio, depositphotos, huffingtonpost, bookboon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD