Lifestyle: ဖက်ရှင်နဲ့ သဘာဝကို ပေါင်းစပ်လိုက်သောအခါ

ဘယ်ဘက်မှာ ဝတ်စုံ၊ ညာဘက်မှာ သဘာဝအလှကို နှိုင်းယှဉ်လိုက်တဲ့အခါ သဘာဝရဲ့ အလှအပကိုရော ဒီဇိုင်နာရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကိုပါ တစ်ပြိုင်နက်တည်း ခံစားနိုင်ပါတယ်။

play

 

သဘာဝတရားရဲ့ အလှပအတွေက ထူးထွေအံ့သြစရာ ကောင်းပါတယ်။ လူတွေကတော့ အလှအပကို ဖန်တီးယူကြပါတယ်။ ရုရှားအနုပညာရှင် Liliya Hudyakova က အဲ့ဒီအလှတရားနှစ်ခုကို ယှဉ်ပြီး ပြသထားပါတယ်။ ကမ္ဘာကျော် ဒီဇိုင်နာတွေရဲ့ အဝတ်အထည်တွေနဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အလှကို "ဖက်ရှင်နဲ့သဘာဝ" လို့ ခေါင်းစဉ်တပ်ပြီး တွဲစပ်ပြသလိုက်ပါတယ်။

play

 

ElieSaab ဖက်ရှင်နဲ့ ဆည်းဆာ

play

 

Bottega Veneta ဂါဝန်က မိုးခြိမ်းနေတဲ့ကောင်းကင်နဲ့ ခပ်ဆင်ဆင်ပါ

play

 

Stephane Rolland ဝတ်စုံကို ချီလီနိုင်ငံက ဂလေစီယာတောင်ကြားရဲ့ပုံနဲ့ ယှဉ်ပြထားတာပါ။ (နာဆာရဲ့ ဂြိုဟ်တုကရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်)

play

 

Gucci F ရဲ့ အစိမ်းရောင် သားမွှေးဝတ်စုံကတော့ မြက်ခင်းပြင်ကြီးနဲ့ တူပါတယ်။

play

Jean Louis Sabaji နဲ့ မီးခိုးရောင် တိမ်ထု

play

 

Blanka Matragi နဲ့ ပင်လယ်ရဲ့အလှ

Source & Photo : Rbth

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ