Lifestyle: ကိုယ်ဝန်လွယ်ထားတုန်း သားသားလေးလား၊ မီးမီးလေးလား သိနိုင်တဲ့ အချက် (၉) ချက်

ကိုယ်ဝန်လွယ်ထားစဉ်မှာ ယောကျာ်းလေးလား မိန်းကလေးလားဆိုတာကို ခန့်မှန်းတတ်ကြတဲ့ အယူဓလေ့လေးတွေ ဖြစ်ပါတယ်။

play

 

ကိုယ်ဝန်လွယ်ထားစဉ်မှာ ယောကျာ်းလေးလား မိန်းကလေးလားဆိုတာကို  ခန့်မှန်းတတ်ကြတဲ့ အယူဓလေ့လေးတွေ ဖြစ်ပါတယ်။

၁-အထိုင်အထ ပေါ့တယ်ဆိုရင် ယောက်ျားလေး၊ အထိုင်အထလေးတယ်ဆိုရင် မိန်းကလေး

play

 

၂-ကိုယ်ဝန်လွယ်ထားစဉ် ဘယ်ဘက်ရင်သားဟာ ညာဘက်ရင်သားထက် ကြီးနေတယ်ဆိုရင် မိန်းကလေး

၃-ကိုယ်ဝန်လွယ်ထားရတဲ့ ဝမ်းဗိုက်အလယ်မှာ လိုင်းတစ်ခု ပေါ်လာတတ်ပါတယ်။ ဒီလိုင်းဟာ ချက်မှာ ရပ်သွားရင် မိန်းကလေးပါ။ ချက်ကိုကျော်သွားရင်တော့ ယောကျာ်းလေးပါ။

play

 

၎-ကိုယ်ဝန်လွယ်ထားစဉ် မနက်တိုင်း မအီမသာ ဖြစ်ရင် ယောကျာ်းလေးပါ။

၅-ဆေးလိပ်တို့၊ မြွှေတို့အိမ်မက် မက်ရင် ယောကျာ်းလေးပါ။ ဖက်ရှင်နဲ့ပတ်သက်တာတွေ မက်ရင် မိန်းကလေးပါ။

play

 

၆-ကိုယ်ဝန်လွယ်ထားတုန်း ဝက်ခြံတွေ အများကြီး ပေါက်မယ်ဆိုရင် မိန်းကလေးပါ။

၇-မိခင်ဖြစ်သူက ကိုယ်ဝန်လွယ်ထားတုန်း ဖခင်ဖြစ်သူက ဝိတ်တအားတက်လာတယ်ဆိုရင် မိန်းကလေးပါ။

၈-ကိုယ်ဝန်လွယ်ထားတုန်း မိခင်ဖြစ်သူ အလှတိုးလာရင် ယောကျာ်းလေးပါ။ မိခင်ဖြစ်သူ ရုပ်ရည်ပိုင်း ရင့်ရော်သွားတယ်ဆိုရင် မိန်းကလေးပါ (မိခင်ရဲ့အလှကို ဗိုက်ထဲက သမီးက ယူသွားလို့ပါတဲ့။)

၉-လက်စွပ်ကို ကြိုးနဲ့ချည်ပြီး ဗိုက်ပေါ်ကို ချလိုက်လို့ လက်စွပ်ဟာ ဘယ်ညာ ရမ်းတယ်ဆိုရင် ယောကျာ်းလေးပါ။ စက်ဝိုင်းလို ရမ်းတယ်ဆိုရင် မိန်းကလေးပါ။


Photos & Sources: New Parent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ