Lifestyle: သံတိုသံစတွေနဲ့ ဖန်တီးတဲ့ အရုပ်များ

အသက်မဲ့တဲ့ အရုပ်တွေဆိုပေမယ့် လက်ရာမြောက်သွားတဲ့ အခါ သက်ရှိတိရိစ္ဆာန်တွေအလား ထင်မှတ်ရပါတယ်။

play

 

သံတိုသံစ တွေကိုသာ အသုံးပြုပြီး တိရိစ္ဆာန်ရုပ်ကလေးတွေ ပြုလုပ်ထားတဲ့ ဝေးလ်နိုင်ငံက အမျိုးသား တစ်ဦးရဲ့ လက်ရာက ကောင်းလွန်းတာကြောင့် အင်တာနက်လူမှုကွန်ယက်မှာ အတော်လေး နာမည်ကြီးနေပါတယ်။

play

 

အဆိုပါအမျိုးသားက သံတိုသံစတွေကို ငှက်ရုပ်၊ လိပ်ပြာရုပ်စတဲ့ အရုပ်တွေကို လက်ရာမြောက်အောင် ဖန်တီးထားတာပါ။ အရုပ်တွေပြုလုပ်ပြီးတော့ တကယ့်တိရိစ္ဆာန်နဲ့တူအောင် ဆေးခြယ်လိုက်တဲ့အတွက် ဓာတ်ပုံထဲမှာတော့ အရုပ်လို့မထင်ရလောက်အောင်ကို လက်ရာမြောက်သွားပါတယ်။

play
play

 

ဘယ်လိုအရာမျိုးပဲ အသုံးပြုပြီး ဖန်တီးသည်ဖြစ်စေ လက်ရာမြောက်ရင် မချီးကျူးပဲ မနေနိုင်ဘူးဆိုတာ ဒီကြိုးစားမှုက သက်သေပါ။

Source & Photos : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ