Lifestyle: ပြန်နွှေးပြီး မစားသင့်တဲ့ အစားအစာ (၄) မျိုး

ဟင်းကျန်တွေကို အပူပေးပြီး နွှေးစားတိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ တချို့ဟင်းတွေက အပူပေးခါမှ ဆိုးကျိုးတွေ ဖြစ်ကုန်လို့ပါ။

play

 

တစ်ခါတစ်လေ ချက်ထားတဲ့ ဟင်းတွေ မကုန်တဲ့အခါ နောက်တစ်နေ့မှာ ပြန်နွှေးပြီး စားကြပါတယ်။ ဒါပေမဲ့ ဟင်းတိုင်းကိုတော့ ပြန်နွှေးစားဖို့ မသင့်ပါဘူး။ အပူနဲ့ ပြန်နွှေးလိုက်တဲ့အခါ အချို့ဟင်းတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ပါပဲ။

၁။ သစ်မြစ်တွေနဲ့ ဟင်းသီးဟင်းရွက်တွေ

play

 

ဟင်းနုနွယ်၊ တရုတ်နံနံနဲ့ beetroot တို့မှာ ကြွယ်ဝတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးကို ဖြစ်စေပါတယ်။ ဒါပေမဲ့ တစ်ကြိမ် ချက်ပြုတ်ပြီးသားကို နောက်တစ်ခါ အပူပေးရင်တော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။

၂။ ဥအမျိုးမျိုးနဲ့ ကြက်သား

play

 

ချက်ပြီးသား ဥအမျိုးမျိုးဟာ အပူပြင်းပြင်းနဲ့ နောက်တစ်ကြိမ် ထိတွေ့ရင် အဆိပ်ဖြစ်တော့တာပါပဲ။ ကြက်သားဟင်းကို ပြန်နွှေးပြီး စားရင် အစာမကြေဖြစ်နိုင်ပါတယ်။ တကယ်လို့ ပြန်နွှေးပြီး စားမယ်ဆို အပူနည်းနည်းနဲ့ပဲ နွှေးပေးရပါမယ်။

၃။ အာလူး

play

 

အာလူးဟင်းကို ပြန်နွှေးစားဖို့ အကြံကို ချက်ခြင်း ပယ်ဖျက်လိုက်ပါ။ ဘယ်လောက်ပဲ အာဟာရရှိပါစေ ပြန်နွှေးလိုက်ပြီဆိုတာနဲ့ အာဟာရတွေက အဆိပ်ဖြစ်သွားပြီး အခန့်မသင့်ရင် အစာအဆိပ်သင့်တာတောင် ဖြစ်နိုင်ပါတယ်။

၎။ မှိုအမျိုးမျိုး

play

 

မှိုတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ် များစွာပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဓာတ်တွေက ချက်ပြုတ်ပြီးသွားရင် ကြာကြာမခံတော့ပါဘူး။ ပြန်နွှေးစားရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါသေးတယ်။ မှိုတွေကို ချက်ပြီးရင်တော့ မြန်မြန်စားပစ်လိုက်တာ အကောင်းဆုံးပါ။


Source & Photo : Stelthnews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ