Lifestyle: ဘော်ဒီကိတ်တဲ့ အမျိုးသားများအတွက် စတိုင်ကျစေတဲ့ ဖက်ရှင်

, updated

ဖက်ရှင်ဆိုတာ ခန္ဓာကိုယ်ကြီးတာ၊ သေးတာနဲ့ အဓိကမကျပဲ လိုက်ဖက်ညီအောင် ဝတ်တတ်ဖို့သာ လိုအပ်တာပါ။

play

 

ဖက်ရှင်ဆိုတာ အသက်အရွယ်အမျိုးအစားမရွေး၊ ခန္ဓာကိုယ် အချိုးအစားမရွေး လိုက်ဖက်ရာကို ရွေးချယ်နိုင်တဲ့ အရာဖြစ်ပါတယ်။ အသက်အရွယ်ကြီးတာ၊ ငယ်တာ၊ ခန္ဓာကိုယ် ပိန်တာ၊ ဝတာတွေကသာ အဓိကမဟုတ်ဘဲ ကိုယ်နဲ့ လိုက်ဖက်ရာကို ရွေးချယ်ဆင်မြန်း တတ်ဖို့လိုတာပါ။

အခုတစ်ကြိမ်မှာတော့ ခန္ဓာကိုယ်ဝဖြိုးသူအမျိုးသားတွေအတွက် ဖက်ရှင်အကြံပြုချက်အချို့ကို ဖော်ပြပေးထားပါတယ်။

၁။ နက်ကတိုင်အသေးတွေ လုံးဝမဝတ်ပါနဲ့။ ခပ်သေးသေး နက်ကတိုင်တွေဝတ်တာ သင့်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး ပေါ်လွင်စေပါတယ်။ ဒါကိုရှောင်ပါ။

play

 

၂။  ကုတ်အင်္ကျီဝတ်တဲ့ အခါများမှာ ရင်ဘတ်ကြယ်သီးကို စေ့ထာလိုက်ပါ။ ဒါက အသေးအဖွဲလို့ ထင်ကောင်း ထင်ရပေမဲ့ သင့်ကို ပုံမှန်ထက်ပိုပြီး ပိန်သွားစေပါတယ်။

play

 

၃။ ရှပ်အင်္ကျီတွေ ရွေးချယ်တဲ့အခါ လူငယ်ဆန်တဲ့ အရောင်တွေ ရွေးချယ်သင့်ပါတယ်။ အရောင်အနည်းငယ် တောက်ပပြီး အကွက်ပါတဲ့ အင်္ကျီတွေက လူကိုပိုပြီး ပိန်လျစေပါတယ်။

play

 

၎။ Skinny ဘောင်းဘီတွေ ရှောင်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ Skinny မဖြစ်ဘူး ဆိုရင်တော့ ဒီဘောင်းဘီတွေ ဝတ်တာရှောင်လိုက်ပါ။

play

 

၅။ ကန့်လန့်စင်း ပါတဲ့ အင်္ကျီတွေ မဝတ်ပါနဲ့။ ဝတ်မိရင် ရှိရင်းစွဲ ခန္ဓာကိုယ်ထက်တောင် ပိုပြီးဝတယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။

play

 

Source & Photos : msn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ