Lifestyle: အဆီပါဝင်မှု များတဲ့ အစားအစာကို စားခြင်းက စိတ်ကစင့်ကလျားဖြစ်မှုကို လျော့ကျနိုင်

ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေရပါတယ်။

play

 

အဆီပါဝင်မှုများပြီး သကြားဓာတ်နည်းတဲ့ အစားအစာမျိုးတွေကို စားခြင်းက စိတ်ကစဥ့်ကလျားဖြစ်မှုကို လျော့ကျနိုင်တယ်လို့ သိရပါတယ်။

သုတေသနသစ်တစ်ခုမှာ အဆိုပါအစားအစာမျိုးတွေကို ကြွက်တွေကိုကြွေးပြီး စမ်းသပ်ခဲ့တဲ့အခါ ကြွက်တွေဟာ စိတ်ကစဥ့်ကလျား(Schizophrenia)ရောဂါကြောင့်ဖြစ်တဲ့ အပြုအမူတွေ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

play

 

ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဟာ စိတ်ကစဥ့်ကလျားရောဂါ ခံစားနေကြရတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ စွမ်းအင်အများစုဟာ အဆီမှ ရရှိတာ ဖြစ်ပြီး ထောပတ်လိုမျိုး အဆီများတဲ့ အစားအစာတွေကို စားသုံးပေးသင့်တယ်လို့ သုတေသနသမားတွေက တိုက်တွန်းထားပါတယ်။

အဆီများပြီး ကာဗွန်ဟိုက်ဒရိတ်(သကြားဓာတ်)နည်းတဲ့ အစားအစာမျိုးတွေကို ဝက်ရူးပြန်ရောဂါ ကုသဖို့အတွက် ယခင်ကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

Photos & Sources: 7Day Daily & TOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ