Lifestyle: ပင်လယ်ပြင်ကျယ်ကြီးထဲမှာ မင်္ဂလာဆောင်နိုင်ပြီ

ချစ်သူနှစ်ဦး တစ်ယောက်နဲ့ တစ်ယောက် ကတိကဝတ်ပြု လက်တွဲကြချိန်မှာ ပင်လယ်လိပ်ကြီးတွေနဲ့ ရောင်စုံငါးတွေကို သက်သေပြုနိုင်ဖို့အတွက် မင်္ဂလာခန်းမဆောင်တစ်ခုကို မော်ဒိုက်က ဇိမ်ခံဟိုတယ်ကြီး တစ်ခုက ဖွင့်လှစ်ခဲ့တာပါ။

play

 

Four Seasons’ Landaa Giraavaru Resort မှာ သတို့သမီးလေးတွေဟာ ခန်းမဆောင်တစ်ခုထဲက လှပတဲ့ ပင်လယ်ပြာကြီးကို မြင်ရတဲ့ ဖန်သား ကြမ်းခင်းပေါ်မှာ နင်းလျှောက်သွားနိုင်ပါပြီ။

play

 

မော်ဒိုက်ကျွန်းရဲ့ အရှေ့မြောက်ဖျားစွန်းမှာ သီးသန့် တစ်ထီးတည်း တည်ဆောက်ထားတဲ့ ဒီခန်းမဆောင်ကို လှေနဲ့ သာသွားလို့ရပြီး ရင်သက်ရှုမောဖွယ် နောက်ခံရှုခင်းစစ်စစ်ရှေ့မှာ မင်္ဂလာပွဲ ကျင်းပခွင့်ရမှာပါ။

play

 

၄၈၅ စတုရန်းပေကျယ်ဝန်းပြီး မှန်တွေ အပြည့်တပ်ဆင်ထားတဲ့ ဒီခန်းမဆောင်ဟာ မင်္ဂလာမောင်နှံနဲ့အတူ ဧည့်သည် ၁၆ ယောက် အထိ ဝင်ဆန့်ပါတယ်။

ဟိုတယ်ရဲ့ မင်္ဂလာပွဲစီစဉ်သူရဲ့ အကူအညီနဲ့ မင်္ဂလာမောင်နှံက ဒီနေရာမှာ ပန်းတွေ၊ ဖယောင်းတိုင်တွေ စတဲ့ မိမိနှစ်သက်ရာ ပြင်ဆင်မှုတွေနဲ့ အရောင်ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်တဲ့။

play

 

မော်ဒိုက်ဟာ မင်္ဂလာဆောင်နဲ့ ဟန်းနီးမွန်းထွက်တဲ့သူတွေ အဓိက လာရောက်ရာ နေရာဖြစ်ပြီး World Travel Awards ရဲ့ ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေဆုကို ရရှိခဲ့တာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ