AD
AD
AD
play

 

ဗန်းစကားတွေကတော့ ဘာသာစကားတိုင်းမှာ ရှိမှာပါ။ အမြဲတမ်းလိုလို ဗန်းစကားသစ်တွေ ထွက်ပေါ်လာပြီး လူတွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ အချို့ ဗန်းစကားတွေကတော့ ဟိုးအရင်က ရှိပြီးသားစကားတွေ တစ်ကျော့ပြန် ခေတ်စားခဲ့တာပါ။

၁။ ကြီး

အစ်ကိုကြီးလို့ ခေါ်တာပါ။

၂။ ခေး

ကောင်မလေး ငယ်ငယ်လေးတွေကို ခိုင်းနှိုင်းတဲ့ စကားလုံး ဖြစ်ပါတယ်။ ကလေးလေးလို့ ခေါ်ရင်းက ခေးဆိုတဲ့ စကားလုံးသစ် ပေါ်လာတာပါ။

၃။ ညေး

ညီလေးကို ခပ်မြန်မြန်ခေါ်ရာကနေ ညေးဖြစ်သွားတော့တာပါပဲ။

၎။ ဝုန်းတယ်

ပွဲကြမ်းလိုက်မယ်ဆိုတဲ့ သဘောပါပဲ။ တစ်ယောက်ယောက်ကို အပီအပြင် တိုက်ခိုက်တော့မယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။

၅။ အကိတ်

ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းနဲ့ မော်ဒယ်တွေကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ဗန်းစကားပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD