Lifestyle: သူတို့လို ကိုယ်ဘာကြောင့် မပျော်ရသလဲ

အမြဲလိုလို ပျော်နေတတ်သူတွေဆီမှာ ဒီလိုထူးခြားတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။

play

 

လူတိုင်းပျော်ချင်ကြပါတယ်။ ဒါပေမဲ့ မပျော်နိုင်တဲ့သူက များပါတယ်။ တကယ်တော့ ပျော်ရွှင်နေဖို့ဆိုတာ စိတ်နေစိတ်ထားကသာ အရေးအကြီးဆုံးပါ။ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေနဲ့ အကြောင်းအရာတွေပေါ် ထားရှိတဲ့ စိတ်နေစိတ်ထားအလိုက် ပျော်ရွှင်မှုဟာ ရလာတတ်တာမျိုးပါ။ အချိန်တိုင်းလိုလို ပျော်ရွှင်နေတဲ့ သူတွေကို သတိထားကြည့်ရင် အောက်ပါ (၇) ချက်ကို တွေ့လိမ့်မယ်။

၁။ မုဒိတာ ပွားတတ်တယ်

ပျော်ပျော်နေတတ်သူတွေက သူတပါးရဲ့ အောင်မြင်မှုမှာ ဝင်ပြီး အောင်ပွဲခံတတ်ကြပါတယ်။ အခြားသူတွေရဲ့ အောင်မြင်မှုပေါ် မုဒိတာ ထားတတ်ကြပါတယ်။

၂။ နည်းလမ်းပေါင်းစုံရှိတယ်

အမြဲပျော်နေတဲ့သူလို့ ထင်ရသူတွေမှာလည်း ဖိအားများတဲ့အချိန်၊ စိတ်ညစ်ရတဲ့ အချိန်တစ်ချို့ ရှိပါတယ်။ အဲဒီစိတ်ညစ်စရာတွေကို ရင်ဆိုင်ဖို့ သူတို့မှာ နည်းလမ်းပေါင်းစုံ ရှိတတ်ပါတယ်။ တရားထိုင်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ စသဖြင့် နည်းလမ်းပေါင်းစုံ သုံးတတ်ကြသူတွေပါ။

play

 

၃။ ရောင့်ရဲတတ်ကြတယ်

ပိုင်ဆိုင်ထားတဲ့ဘဝကို သူတို့ကျေနပ်ကြတယ်။ ဒါဟာ ကြိုးစားချင်စိတ် ကင်းမဲ့တာ မဟုတ်ပါဘူး။ လိုချင်တပ်မက်ခြင်းက ဆင်းရဲဒုက္ခဖြစ်စေတယ်လို့ ဘုရားဟောထားတာလည်း ရှိတယ် မဟုတ်လား။

၎။ စိုးရိမ်မနေကြဘူး

ပျော်နေတတ်သူတွေက လုံးလုံး စိုးရိမ်မှု မရှိတတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိုးရိမ်နေမယ့်အစား ရင်ဆိုင်ဖြေရှင်းတတ် ကြသူတွေပါ။

၅။ ခွင့်လွှတ်တတ်ကြတယ်

ပျော်ရွင်စွာ နေထိုင်တတ်သူတွေက ခွင့်လွှတ်လွယ်သူတွေလည်း ဖြစ်တယ်။ အခြားသူတွေကို လွယ်လွယ် ခွင့်လွှတ်တတ်ကြသလို ကိုယ့်ကိုယ်ကိုယ်ဆိုလည်း ပိုပြီးတောင် ခွင့်လွှတ်တတ်ကြပါတယ်။ အမုန်းတရား မရှိတဲ့သူက ပိုပြီးပျော်ရတယ် မဟုတ်လား။

play

 

၆။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြတယ်

စိတ်ကျန်းမာရေး ကောင်းမွန်စေဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တာကလည်း အရေးကြီးတဲ့ အရာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တတ်သူတွေက ပိုပြီးပျော်ပျော် နေနိုင်သူတွေ ဖြစ်ကြပါတယ်။

၇။ အမြဲရယ်(ရီ)နေတတ်တယ်

ခပ်ပျော်ပျော်နေတတ်ကြသူတွေက ခဏခဏ ရယ်ပါတယ်။ ခပ်တည်တည် နေကြသူတွေ မဟုတ်ပါဘူး။ ရယ်စရာ(ရီစရာ) ကိစ္စတစ်ခု ရှိလာတာနဲ့ ပွင့်ပွင့်လင်းလင်း ရယ်ပစ်လိုက်ကြတာပါပဲ။

Source : life

Photos : realhopenow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ