Lifestyle: အသက် ၈၀ အရွယ် ခန္ဓာကိုယ်ကို နှစ်ပတ်အတွင်း ပြောင်းလဲနိုင်ခဲ့သူ

ကင်ဆာရောဂါကုထုံးကြောင့် ခန္ဓာကိုယ်ပျက်စီးသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ သားကိုတောင် မချီနိုင်လောက်အောင် အားနည်းခဲ့သူပါ။

play

 

အသက် ၃၄ နှစ်အရွယ် ပက်ထရီနာဘာဘာဟာ လည်ချောင်းကင်ဆာကို ကုသနေချိန်မှာ ငါးလသားအရွယ် သားလေး ဟူဂိုကိုလည်း တစ်ဖက်ကနေ စောင့်ရှောက်ခဲ့ရသူပါ။

ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့် သူမမှာ အားနည်းလွန်းသွားတဲ့အတွက် ဘီးတပ်ကုလားထိုင်ပေါ်မှာသာ အမြဲထိုင်နေ ရပြီး ခင်ပွန်းဖြစ်သူက သွားတိုက်၊ မျက်နှာသစ်ပေးခဲ့ရပါတယ်။

play
လေ့ကျင့်ခန်းမလုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ မစားခင်က ပုံ

 

ဘေးနားမှာ ပြေးလွှားဆော့ကစားနေတဲ့ သားလေးကိုကြည့်ရင်း ကိုယ့်သားကိုယ် မစောင့်ရှောက်နိုင်တဲ့အတွက် မိခင်မပီသသူလို့ သူမ ခံစားလာရပါတယ်။

အဲဒီမိခင်စိတ်နဲ့ သူမရဲ့ ဆေးကုသမှုအဖြေကို စောင့်ဆိုင်းနေစဉ်မှာ လေ့ကျင့်ခန်းတွေ လုပ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားပြီး သူမခန္ဓာကိုယ်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play
လေ့ကျင့်ခန်းမလုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားပြီး နှစ်ပတ်အကြာ

 

 “ကျွန်မမှာ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့တယ်။ ဟူဂိုနဲ့ နှစ်ယောက်တည်း ရှိနေရမှာကို ကြောက်နေမိတယ်။ သူ့အတွက် ကျွန်မ ဘာမှ လုပ်မပေးနိုင်ဘူးလေ။ အမေမပီသဘူးလို့ ခံစားခဲ့ရပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။

အခုတော့ သူမရဲ့ မိခင်စိတ်နဲ့ ကြိုးစားမှုကြောင့် နှစ်ပတ်အတွင်းမှာ သူမရဲ့ ခန္ဓာကိုယ်ဟာ လုံးဝပြောင်းလဲသွားတဲ့အတွက် ကျန်းမာစွာနဲ့ သားနဲ့အတူ ပြေးလွှား ဆော့ကစားနိုင်နေပါပြီ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ