Lifestyle: နေ့လယ်ဘက် တရေးတမောအိပ်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ မှားယွင်းနေတဲ့ အချက် ၅ ချက်

မိနစ် ၃၀ ထက်ပိုသွားမယ်ဆိုရင် နှစ်နှစ်ချိုက်ချိုက်အိပ်တဲ့အဆင့်ကို ရောက်သွားပါမယ်။

play

 

၁ - ပျင်းတဲ့လူတွေပဲ လုပ်တာ

play

 

နေ့လယ်ဘက် တရေးတမောအိပ်တာဟာ ပျင်းတဲ့လူတွေလုပ်တဲ့ အလေ့အကျင့်မဟုတ်ပါဘူး။ Live Science  ရဲ့ သုတေသနတစ်ခုမှာ နေ့ခင်း တရေးတမောအိပ်ခြင်းဟာ ဦးနှောက်ကို နိုးကြားစေပြီး ပိုမိုတီထွင်ထုတ်လုပ်နိုင်စွမ်း ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နေ့လယ်ဘက် တရေးတမောအိပ်တာဟာ လူပျင်းတွေပဲလုပ်တဲ့ အလုပ်မဟုတ်ပါဘူး။

၂ - အိပ်ပြီး ပြန်နိုးလာရင် ခေါင်းတွေနောက်မယ်

play

 

နေ့လယ်နဲ့ ညနေဘက်တွေမှာ တရေးတမောအိပ်ပြီးပြန်နိုးလာရင် ခေါင်းနောက်တတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အမြဲတော့ မဟုတ်ပါဘူး။ နေ့လယ်ဘက် တရေးတမောအိပ်ခြင်းဟာ မိနစ် ၃၀ ထက်မပိုသင့်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မိနစ် ၃၀ ထက်ပိုသွားမယ်ဆိုရင် နှစ်နှစ်ချိုက်ချိုက်အိပ်တဲ့အဆင့်ကို ရောက်သွားမယ်လို့ အိပ်စက်ခြင်းဆိုင်ရာ အထူးကျွမ်းကျင်သူ မိုက်ကယ်ဂျေဘရုစ်က Huffington Post မှာ ပြောကြားထားဖူးပါတယ်။

၃ - အလုပ်မှာ တရေးတမော မအိပ်သင့်ဘူး

play

 

သူဌေးနဲ့ပြဿနာတက်အောင် မြှောက်ပေးတာ မဟုတ်ပါဘူး။ အလုပ်မှာ တရေးတမော အိပ်သင့်တာ အမှန်ပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ လက်တစ်ဆုပ်စာ ကုမ္ပဏီလောက်ကသာ နေ့လယ်တရေးတမောအိပ်ဖို့ အခန်းထားပေးထားပါတယ်။ တချို့ကတော့ အခန်းမရှိပေမဲ့ နေ့လယ်ထမင်းစားချိန်ကို တရေးတမော မှေးပြီးနားနေနိုင်ဖို့ အချိန်လုံလုံလောက်လောက် ပေးထားကြပါတယ်။ ဒီလိုမျိုး နေ့လယ်ဘက် အိပ်ခြင်းဟာ လုန်ငန်းခွင်မှာ ထုတ်လုပ်အား လျော့ကျမသွားဘဲ ပိုမိုအကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို သုတေသနအချို့က ထောက်ပြထားပါတယ်။

၎ - ကော်ဖီသောက်ပြီး တရေးတမော အိပ်လို့မရဘူး

play

 

ကဖိန်းဓာတ်ကြောင့် လူဟာ အိပ်လို့မရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကဖိန်းဓာတ်ဟာ သောက်ပြီးပြီးခြင်း မိနစ် ၃၀ ကျော်မှ အထွဋ်အထိပ်ကို ရောက်တာဖြစ်ပါတယ်။ သောက်ပြီးပြီးချင်းအိပ်မယ်ဆိုရင် မိနစ်သုံးဆယ်ကျော်လို့ ပြန်နိုးလာတဲ့အခါ လန်းဆန်းမှုကိုတောင် ခံစားရမှာ ဖြစ်ပါတယ်။

၅ - မအိပ်တာက ပိုအလုပ်ဖြစ်တယ်

play

 

အိပ်လိုက်တဲ့အတွက် အလုပ်စားပွဲကနေ ဝေးသွားတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သုတေသနတွေအရ လူတွေဟာ နေ့ဘက်မှာ တက်ကြွမှု လျော့နည်းလာကြပြီး ထုတ်လုပ်နိုင်စွမ်းကို အမြဲတမ်း အမြင့်ဆုံးမှာ ထိန်းထားဖို့ခက်တယ်လို့ အိပ်ခြင်းဆိုင်ရာ နဲ့ပက်သက်တဲ့ ကျွမ်းကျင်သူ ဆာရာမက်နစ်က Business Week ကို ပြောကြားပါတယ်။ ဒါပေမဲ့ နေ့လယ်ဘက် တရေး တမောအိပ်လိုက်တာဟာ ပြန်လည်လန်းဆန်းမှုကို ရရှိစေပြီး ပြဿနာတွေကို ပိုမိုကိုင်တွယ်နိုင်တယ်လို့ သိရပါတယ်။

Photos Sources: Huffington, Dailymail
Sources: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ