Lifestyle: ၂၀၁၅ ရဲ့ ဖေ့စ်ဘွတ် ဆယ်လီ (၅) ဦး

အနုပညာလောကထဲက မဟုတ်ဘဲ ဆယ်လီဖြစ်သွားကြတာဖြစ်ပြီး ပြည်တွင်း သတင်းဌာနကြီးတွေမှာပါ ရေးသားဖော်ပြခံခဲ့ကြရပါတယ်။

 

ဖေ့စ်ဘွတ်ခ်မှာ ကျော်ကြားတဲ့ လူတွေကို ဆယ်လီလို့ ခေါ်ကြပါတယ်။ စာတွေရေးသားလို့ ဖြစ်စေ၊ ရုပ်ရည်ကြောင့်ဖြစ်စေ အကြောင်းအမျိုးမျိုးနဲ့ ဆယ်လီဖြစ်လာကြတာပါ။ ၂၀၁၅ ခုနှစ်အတွင်း လူပြောများခဲ့တဲ့ ဆယ်လီတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မေပြည့်စုံအောင်

 

သူမတော့ လေယာဉ်မောင်းသင်တန်း တက်နေသူပါ။ ပြေပြစ်ချောမောတဲ့ ရုပ်ရည်ကြောင့် လူကြိုက်များခဲ့ရပါတယ်။

၂။ မောင်မိုးပွင့် (ရေကြည်)

 

လက်တန်းကဗျာလေးတွေကို ထိထိမိမိ ရေးသားတဲ့ ကဗျာဆရာတစ်ဦးပါ။ အကြောင်းအရာတစ်ခုကို သိလိုက် မြင်လိုက်ရုံနဲ့ ချက်ခြင်းဆိုသလိုပဲ ကဗျာတစ်ပုဒ် ရေးနိုင်လောက်အောင် ဉာဏ်ကွန့်မြူးပါတယ်။ မောင်မိုးပွင့်(ရေကြည်)ရဲ့ ကဗျာလေးတွေကိုလည်း မျှဝေသူ များပြားခဲ့ပါတယ်။

၃။ ရွှေရေးထင်ထင်

 

စာရေးတာ ဝါသနာပါတဲ့ ရွှေရေးထင်ထင်က အင်တာနက်ပေါ်မှာ ကဗျာတွေ၊ စာတွေ ရေးလေ့ရှိပါတယ်။ သူမ ကိုယ်တိုင် တင်လိုက်တဲ့ ပုံကြောင့်ပဲ ဆယ်လီဖြစ်လာရတာပါ။ ခန္ဓာကိုယ် အချိုးအစား ပေါ်လွင်နေပြီး ထင်ထင်ရှားရှား လှပနေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကြောင့်ပဲ လူပြောများခဲ့ရပါတယ်။ သူမရဲ့ လုံးချင်းဝတ္ထုကိုလည်း မကြာခင်က ဖြန့်ချိထားပါတယ်။

၎။ တည်ငြိမ်သူဆူး

 

အဆိုတော်လေး တည်ငြိမ်သူဆူးကလည်း မထင်မှတ်ဘဲ ဆယ်လီဖြစ်လာသူပါ။ သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းဗီဒီယိုတွေ တင်လေ့ရှိပါတယ်။ ဝေဖန်ပုတ်ခတ်သူတွေ ရှိကြပေမဲ့ သူမကတော့ ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပါဘူး။

၅။ ဖိုးတစ်ခေတ်

 

ကရင်ပြည်နယ်ထဲက ရွာတစ်ရွာမှာ ဖိုးတစ်ခေတ်ကို ကိုးကွယ်ကြပါတယ်။ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ ဆိတ်တွေ၊ နွားဖြူတွေတပ်ထားတဲ့ ဝေါယဉ်တွေသာ စီးနင်းပါတယ်။ ဖိုးတစ်ခေတ်ကိုယ်တိုင်က ဖေ့စ်ဘွတ်ခ်မသုံးပေမဲ့ သူ့ရဲ့ပုံတွေက လူတွေကြားမှာ ရေပန်းစားလာပြီး ဖိုးတစ်ခေတ်လိုမျိုး လိုက်လံ ဝတ်စားတဲ့ ပုံတွေလည်း ပလူပျံခဲ့ပါတယ်။

 

တည်ငြိမ်သူဆူးရဲ့ သီချင်းဆိုဟန် ဗီဒီယို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ