Lifestyle: သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်တွင် ကုသပျောက်ကင်းနိုင်

သားအိမ်ခေါင်းကင်ဆာ မဖြစ်မီ အကြိုအဆင့်တွင် ချက်ချင်းအအေးဓာတ်ပေးကုသပါက ပျောက်ကင်းနိုင်ခြေ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း စစ်တမ်းတစ်ခုအရ သိရသည်။

play

 

၂၀၁၃ ဇူလိုင်မှ ၂၀၁၄ အောက်တိုဘာအထိ ရန်ကုန်ဆေးတက္ကသိုလ် (၁)နှင့် ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ကျွမ်းကျင်ဆရာဝန်၊ ဆရာမများဖြင့်ဖွဲ့စည်းထားသော နယ်လှည့် ဗဟို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးအဖွဲ့သည် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ အသက် (၃၀)မှ (၄၉)နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီး ၁,၆၁၇ ဦးအား သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိ ဆေးရည်တို့စစ်ဆေးပေးပြီး အကြိုအဆင့် တွေ့ရှိသူများအား ချက်ချင်းအအေးဓာတ် ပေးကုသပေးခဲ့သည်။

အဆိုပါစစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာမဖြစ်မီ အကြိုအဆင့်ဖြစ်နေသော အမျိုးသမီး ၁၂၁ ဦးကို တွေ့ရှိခဲ့ရပြီး အအေးဓာတ်ပေးကုသရန် သင့်လျော်သော ၁၁၉ ဦးကို ဗဟိုအမျိုးသမီးဆေးရုံတွင် ခွဲစိတ်ကုပေးခဲ့သည်။

ကုသပေးပြီး တစ်နှစ်အကြာ ၎င်းတို့ကို စမ်းသပ်စစ်ဆေးရာ ပျောက်ကင်းမှုနှုန်း ၉၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Source : 7day

Photo : MD Guide Line

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ