Lifestyle: ဖိနပ်အသစ်ကြောင့် ဒုက္ခမကြုံရအောင်

ဖိနပ်သစ် ဝယ်မယ်ဆို စဉ်းစားဖို့လိုမယ့် အချက်လေးတွေကို မျှဝေလိုက်ပါတယ်။

play

 

ဖိနပ်သစ် စီးတိုင်း ဒုက္ခရောက်ရတာ ခနခနပါ။ ဖိနပ်ပေါက်တာနဲ့ စီးရတာ အဆင်မပြေ ဖြစ်ရတာနဲ့ဆိုတော့ လူကြားထဲမှာလည်း ရှိုးပဲ့တာပေါ့။ ဒီလို မဖြစ်ရအောင် ဓူဝံက အကြံဉာဏ်အချို့ ပေးလိုက်ပါတယ်။

၁။ နှစ်ဖက်လုံးကို စီးကြည့်ပြီးမှ ဝယ်ပါ

ဘယ်သန်တွေက ဘယ်ခြေထောက် ကြီးနေတတ်ပြီး ညာသန်တွေက ညာဘက်ခြေထောက် ကြီးနေတတ်လို့ ဖိနပ်တစ်စုံလုံးကို စီးကြည့်ပြီး အဆင်ပြေမှ ဝယ်ပါ။

၂။ သက်တောင့်သက်သာ ရှိပါစေ

ဖိနပ်လှတယ်ဆိုပြီး သက်တောင့်သက်သာမရှိရင် ဒုက္ခရောက်ရပါလိမ့်မယ်။ ကိုယ် သွားရမယ့် နေရာနဲ့ စီးရမယ့်ဖိနပ်ကို ကိုက်ညီဖို့ ဦးစားပေးသင့်ပါတယ်။

၃။ ကြိုတင် လေ့ကျင့်ပါ

ဖိနပ်သစ် ဝယ်ပြီးရင် ချက်ခြင်းမစီးပါနဲ့။ ရေချိုးပြီးတိုင်း ၁၀ မိနစ်လောက် အစမ်းစီးကြည့်ပါ။ ၃ ရက်လောက် အစမ်းစီးပြီးမှ လက်တွေ့ ချစီးရင် ဖိနပ်ပေါက်တာမျိုးလည်း ကြုံရတော့မှာ မဟုတ်ပါဘူး။

Photo : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ