Lifestyle: ကျောနာတာ သက်သာစေဖို့ နည်းလမ်း (၅)သွယ်

, updated

အထိုင်များလို့ပဲဖြစ်ဖြစ်၊ အိပ်ယာဝင်တဲ့ အခါဖြစ်ဖြစ် နေထိုင်တဲ့ ပုံစံမကျတဲ့အခါ ကျောနာတာမျိုး ဖြစ်တက်ပါတယ်။

play

 

တစ်ခါတစ်လေ ဘာကြောင့်မှန်း မသိနောက်ကျောက နာနေတာမျိုး၊ ကျောဆန့်လို့မရပဲ ခါးကိုင်းကိုင်း ဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။ ကာယအလုပ်သမားပဲ ဖြစ်ဖြစ်၊ ဉာဏ အလုပ်သမားပဲ ဖြစ်ဖြစ် တစ်ခါတစ်ရံတော့ ဒါမျိုး ဖြစ်တက်ကြပါတယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် နောက်ကျာက နာလာခဲ့ရင် သက်သာစေမယ့် နည်းလမ်းအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ပျော့တိပျော့ခွေ မနေနဲ့

ခန္ဓာကိုယ့်ကို ပျော့တိပျော့ခွေ နေတာမျိုးကို ရပ်တန့်လိုက်ပါ။ အလုပ်စားပွဲက ထိုင်ခုံမှာ ပျော့တိပျော့ခွ နေခဲ့မိမယ်ဆိုရင် ကျောရိုးနဲ့ လည်ပင်းရိုးကို ထိခိုက်စေပါတယ်။

၂။ သက်သောင့်သက်သာ အိပ်စက်ပါ

အိပ်ပျော်သွားတဲ့အခါ ခန္ဓာကိုယ်အချိုးအစား တည်ရှိပုံကလည်း အရေးကြီးပါတယ်။ တစ်ညလုံး ဘယ်လိုပုံ အိပ်စက်ခဲ့သလဲ ဆိုတာအပေါ် မူတည်ပြီး ကျောကုန်းနာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်တဲ့အခါ ကိုယ်သက်သောင့်သက်သာ အဖြစ်ဆုံး နည်းလမ်းကို ရွေးအိပ်ပါ။

၃။ လှုပ်လှုပ်ရှားရှား နေပါ

ခန္ဓာကိုယ်က သွက်သွက်လက်နဲ့ လှုပ်ရှားမှု မရှိရင်လည်း ဖြစ်တက်ပါတယ်။ တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်နေတာမျိုး၊ လှဲအိပ်နေတာမျိုးတွေ မလုပ်ပါနဲ့။

play

 

၎။ တရားထိုင်ပါ၊

တရားထိုင်ခြင်းဟာ စိတ်နှလုံးချမ်းမြေ့ဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ခန္ဓာကိုယ် ကျန်းမာဖို့လည်း အလွန်အထောက်အကူ ပြုပါတယ်။ စိတ်နဲ့ ခန္ဓာအကြား သဟဇာဟ ဖြစ်အောင် လုပ်ပေးနိုင်တာက တရားထိုင်တာပါ။

Source & Photos : life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ