Lifestyle: နှစ်ဟောင်းကို အကျိုးရှိရှိ ကုန်ဆုံးနည်း

နှစ်ဟောင်းကနေ နှစ်သစ်ကို ရောက်လာတဲ့အခါ အလိုမကျမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်မနေအောင် အောက်ပါအချက်တွေကို ရှောင်ရှားသင့်ပါတယ်။

play

 

နှစ်တစ်နှစ်ရဲ့ နောက်ဆုံး အချိန်ကိုရောက်လာခဲ့ပြန်ပါပြီ။ တစ်နှစ်အတွင်း အောင်မြင်မှု ရခဲ့တာတွေ ရှိသလို မအောင်မြင်မှု တစ်ချို့ကိုလည်း ကြုံခဲ့ရမှာပါ။ နှစ်သစ်ကူးဆိုတာ လူ့လောကမှာ ရှိနေစဉ် အချိန်အတွင်း အမြဲတမ်း ကြုံနေရဦးမှာဖြစ်ပါတယ်။

နှစ်တစ်နှစ်ကို နည်းလမ်းမှန်မှန်နဲ့ အဆုံးသတ်ရမယ့် နည်းတစ်ချို့ရှိပါတယ်။ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရင်တောင်မှ၊ ကံဆိုးမှု အချို့ရှိခဲ့ရင်တောင်မှ နောင်လာမယ့် နှစ်တစ်နှစ်ကို အကောင်းဆုံး ကြိုဆိုနိုင်မယ့် နည်းလမ်း (၅) ခုကတော့ အောက်ပါအတိုင်းပါ။

၁။ အောင်မြင်မှုတွေကို စဉ်းစားကြည့်

ဒီနှစ်ထဲမှာ ကိုယ်ဘာတွေအောင်မြင်မှု ရခဲ့သလဲ ဆိုတာပြန်တွေးကြည့်ပါ။ အလုပ်မှာ အောင်မြင်မှုမျိုး တစ်ခုတည်းမဟုတ်ဘဲ လူမှုရေးမှာ အောင်မြင်ခဲ့မှုတွေရှိခဲ့ရင်လည်း ပြန်စဉ်းစားကြည့်ပြီး စိတ်ဓာတ်တက်ကြွအောင် နေပါ။

၂။ နောင်တမယူနဲ့၊ သင်ခန်းစာယူပါ

အမှားတွေလည်း ရှိခဲ့ကြပါလိမ့်မယ်။ ဒါဟာတစ်သက်လုံး နောင်တရနေဖို့ မဟုတ်ပါဘူး။ သင်ခန်းစာ ယူဖို့ပါ။ လာမယ့်နှစ်အတွက် သင့်ကိုပေးထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါ။

play

 

၃။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်

အနည်းဆုံး အမှားတစ်ခုကိုတော့ အားလုံး လုပ်ခဲ့ဖူးကြပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့ပါပဲ။ ဆက်ပြီး အသက်ရှင်နေထိုင်ရမယ့်ဘဝမှာ ဒါက အရေးအကြီးဆုံးပါ။ သူများကိုလည်း ခွင့်လွှတ်နိုင်ပါစေ။

၎။ ကျေးဇူးများများတင်

လူတွေကို ကျေးဇူးတင်ကြောင်း ပြောပါ။ ကိုယ့်အပေါ် အနည်းငယ်လောက်ပဲ ကျေးဇူးရှိတဲ့သူ ဖြစ်ရင်လည်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။ နှစ်သစ်မှာ စိတ်က လန်းဆန်းနေပါလိမ့်မယ်။

၅။ အောင်ပွဲခံပါ

အောင်ပွဲခံရစရာ အကြောင်းအရင်း တစ်ခုခုတော့ ရှိကိုရှိပါလိမ့်မယ်။ ဒါကို အကြောင်းပြုပြီး အောင်ပွဲခံလိုက်ပါ။ နှစ်သစ်မှာ စိတ်လက်ပေါ့ပါးနေဖို့ လိုတယ်မလား။

Source & Photos : life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ