AD
AD
AD
play

 

အိပ်ပျော်စဉ်မှာ ဟောက်တတ်တဲ့အကျင့်ဟာ ချက်ချင်း ပျောက်သွားနိုင်တဲ့အရာ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတွေ ပြောင်းလဲခြင်းနဲ့ တတ်ကျွမ်းသူနဲ့ ကုသခြင်းတို့နဲ့ ပျောက်ကင်းနိုင်ပါတယ်။

ဟောက်တာဟာ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတတ်တာကြောင့် ပြောင်းလဲမှုလေး အနည်းငယ် လုပ်လိုက်ရုံပဲ။

၁။ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်

play

 

အနည်းငယ် ကိုယ်အလေးချိန်များတာနဲ့ ဟောက်တတ်လာနိုင်ပါတယ်။ သင့်ရဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ အဆီတစ်သျှူးတွေက လေလမ်းကြောင်းကို ညှစ်ထားပြီး လေဟာ ချောချောမွေ့မွေ့ဝင်ထွက်လို့ မရတော့လို့ပါ။

၂။ ပက်လက်မအိပ်ဘဲ စောင်းအိပ်ပါ

play

 

ပက်လက်အိပ်ချိန်မှာ သင့်ရဲ့ လျှာ၊ မေးစေ့နဲ့ မေးစိအောက်က  အစီတစ်လျှူးတွေဟာ ပျော့သွားပြီး အသက်ရှူလမ်းကြောင်းကို ညှစ်ထားပါတယ်။ ဘေးတစ်စောင်း အိပ်ခြင်းအားဖြင့် အဲဒီလိုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ အိပ်ရာဝင်ခါနီး အရက်မသောက်ပါနဲ့

play

 

သာမန်ညဘက်အချိန်တွေထက် အရက်သောက်ချိန်မှာ ကြွက်သားတွေက ပိုပြီး ပျော့နေတတ်ပြီး အိပ်ချိန်မှာ ဟောက်တတ်ပါတယ်။

၎။ ဆေးလိပ်ဖြတ် သို့မဟုတ် ဆေးလိပ်လျှော့သောက်ပါ

play

 

ဆေးလိပ်ငွေ့ဟာ နှာခေါင်းပေါက်နဲ့ လည်ချောင်းရဲ့ နံရံတွေကို ရောင်ကိုင်းပြီး သလိပ်တွေ ဖြစ်စေပါတယ်။ နှာခေါင်းလမ်းကြောင်းတွေမှာ ပိတ်နေရင် နှာခေါင်းကနေ အသက်ရှူရခက်သွားပြီး ဟောက်ခြင်းကို ဖြစ်ပေါ်စေတာပါ။

၅။ နှာခေါင်းလမ်းကြောင်းများ ရှင်းနေပါစေ

play

 

နှာခေါင်းလမ်းကြောင်း ရှင်းနေမှ ပါးစပ်နဲ့ အသက်မရှူဘဲ နှာခေါင်းနဲ့ အသက်ရှူနိုင်မှာပါ။  နှာခေါင်းထဲမှာ မရှင်းလင်းဘဲ ပိတ်သလိုလို ဖြစ်နေရင် ရှူဆေးတစ်ခုခု သုံးပါ။  ဆရာဝန်နဲ့တိုင်ပင်ပါ။

Source : Live Well
Photos : GaryWhitedds, ClassiBlogger, NeurologicalWellnes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD