Lifestyle: လုပ်ငန်းခွင်ကို ပြန်ချစ်လာစေမယ့် အချက် (၄) ချက်

လုပ်ငန်းခွင်ကို စိတ်ကုန်နေပြီလား၊ ငြီးငွေ့နေပြီလား။ ပြန်ချစ်လာနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

play

 

လုပ်ငန်းခွင်ကို စိတ်ကုန်နေပြီလား၊ ငြီးငွေ့နေပြီလား။  ပြန်ချစ်လာနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

၁ - အလုပ်ကအလုပ်၊ အိမ်ကအိမ်

ကျွန်တော်တို့ရဲ့ အလုပ်တွေက အချိန်ကြာလာတာနဲ့အမျှ ပျော်စရာ ဖြစ်လာရမယ့်အစား စိတ်ပျက်ငြီးငွေ့စရာဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ အလုပ်နဲ့ ပုဂ္ဂိုလ်ရေးကို သတ်သတ်မှတ်မှတ် ခွဲခြားမထားလို့ဖြစ်ပါတယ်။  လုပ်ငန်းခွင်က အလုပ်တွေ အိမ်ပါလာတာဟာ တစ်ခါတစ်ရံဆို ကိစ္စမရှိပေမဲ့ ရက်ဆက်လာရင် လူ့စိတ်ကို ထိခိုက်လာပါတယ်။ အလုပ်နဲ့ ဝါသနာ တစ်ထပ်တည်းကြတဲ့ လူတွေက လွဲပြီး ဒီဒဏ်ကို ဘယ်သူမှ မခံနိုင်ပါဘူး။ အလုပ်ကို အတတ်နိုင်ဆုံး အလုပ်မှာပဲ လုပ်ပါ။

၂ - အသစ်ကို သင်ပါ

ဝါသနာနဲ့ ပတ်သက်တာ၊ ဘာသာစကားတစ်ခုခု လေ့လာတာ၊ သင်လုပ်ချင်တယ်လို့ စိတ်ထဲမှာ ဖြစ်နေတဲ့အရာကို သင်တန်းတက်ရောက်သင်ယူတာမျိုး ပြုလုပ်ပါ။ အလုပ်ကြီးတစ်ခုတည်း လုပ်နေမယ့်အစား ဒီလို တစ်ခုခုကို သင်ယူနေတာက သင့် ဘဝမှာ အလုပ်အပြင် အခြားအဓိပ္ပာယ်တွေပါ ရှိလာစေပါတယ်။ အလုပ်အပြင် အသစ်တစ်ခုကို သင်ယူပါ။

play

 

၃ - ပြန်သုံးသပ်ပါ

အလုပ်ဝင်တုန်းက သင့်ဘဝရဲ့ အဆင့်တစ်ခုခုကိုတက်လှမ်းဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြာလာတဲ့အခါ နေ့စဉ် လုပ်ငန်းခွင် ဘဝမှာ ဒီအချက်ဟာ ပျောက်ဆုံးသွားနိုင်ပါတယ်။ တစ်ရက်လောက် အချိန်ယူပြီး ပြန်သုံးသပ်ပါ။ ဒီ့ပြင် အလုပ်ရဲ့ လက်ရှိ အခြေအနေတွေကိုလည်း မေ့သွားနိုင်ပါတယ်။ နေ့စဉ် ကိုယ်လုပ်ရတဲ့ အလုပ်တွေကြားမှာ လက်ရှိကိုယ်လုပ်နေတဲ့အဖွဲ့ အစည်းရဲ့  ရည်မှန်းချက်၊ ကိုယ်ထမ်းဆောင်နေရတဲ့ ပုံစံ၊ ကိုယ့်အပေါ်အလုပ်က ဘယ်နေရာမှာထားပြီး ဘယ်လို လိုအပ်နေ တာလဲဆိုတာတွေ အကုန်လုံး အချိန်ကောင်းကောင်းပေးပြီး ပြန်သုံးသပ်ပါ။

၎ - ရိုးသားပါ

အလုပ်ကို မပျော်ဘူးဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားပြန်မေးပါ။ ကိုယ်မနိုင်တဲ့ ရာထူးနေရာကို ယူထားမိတာလား။ ဝါသနာမပါဘဲ လစာကောင်းတာနဲ့ ဝင်လုပ်မိနေတာလား။ ကိုယ်ကပဲ မလုပ်ချင်ဘဲ ပျင်းနေလို့ ပြဿနာတွေ ပေါ်နေတာလား။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်သုံးသပ်ပါ။

၅ - ထွက်လိုက်ပါ

ဘဝက တိုပါတယ်။ ငွေကြေးတွေဘာတွေ ကြည့်မနေပါနဲ့။ လခကောင်းတာတွေဘာတွေထက် စိတ်ပျော်ဖို့က အရေးကြီး ပါတယ်။ ပိုက်ဆံတွေနဲ့ စိတ်ညစ်နေရရင် ဘာထူးဦးမလဲ။ အထက်ပါအချက်တွေ သုံးသပ်လို့မှ အလုပ်ကို ပြန်မချစ်နိုင် တော့ဘူးဆိုရင်  အဲ့အလုပ်က ထွက်လိုက်ပါတော့။

play

 

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ