Lifestyle: ယောက်ျားတစ်ယောက်ကို ကောင်းကောင်းမွန်မွန် လမ်းခွဲနည်း (၇) နည်း

သူ့ဘက်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မှာကြောက်ရင် လူများပြီး တိတ်ဆိတ်တဲ့နေရာမျိုးမှာ တွေ့ဖို့ချိန်းပါ။

play

 

၁ - အရင်ဆုံးသိသူက သူဖြစ်ပါစေ

play

 

လမ်းခွဲတော့မယ့်အကြောင်း သူငယ်ချင်း တစ်ယောက်နှစ်ယောက်ကို တိုင်ပင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ပေါက်ကြားပြီး တစ်ယောက်ယောက်ဆီက သူ အရင်သိသွားရင် တုံ့ပြန်မှုက မကောင်းပါဘူး။

၂ - လူချင်း နှစ်ကိုယ်တည်းတွေ့ပါ

play

 

ဖုန်းဆက်တာ၊မက်ဆေ့ပို့တာ လုံးဝမလုပ်ပါနဲ့၊ သူ့ဘက်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်မှာကြောက်ရင် လူများပြီး တိတ်ဆိတ်တဲ့နေရာမျိုးမှာ တွေ့ဖို့ချိန်းပါ။

၃ - ပွင့်ပွင့်လင်းလင်းသာ ပြောပါ

play

 

 တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောလိုက်တာ ရေရှည်မှာ အကောင်းဆုံးပါ

၎ - အကြောင်းပြချက် အစစ်ကိုပဲပေးပါ

play

 

သူက ဘာကြောင့်လဲလို့ မေးမှာ အမှန်ပါပဲ။ ဒီအခါမှာ ဝေ့လည်ကြောင်ပတ်တွေ မပြောပါနဲ့။ ခံစားချက်မရှိတော့လို့၊ ရေရှည်တွဲရတဲ့အခါ အဆင်မပြေတာတွေ တွေ့လာလို့ အမှန်အတိုင်းသာပြောပါ။ ခံသာအောင် သူ့ကို မျှော်လင့်ချက်မှိန်မှိန်ပေးတာမျိုး မလုပ်ပါနဲ့။

၅ - ဒီအချက်တွေကို မပြောပါနဲ့

play

 

နင့်ကို မကြိုက်တော့ဘူး၊ နင်ကဆွဲဆောင်မှုမရှိဘူး။

ယောကျာ်းမပီသဘူး။ မိန်းမလိုမိန်းမရ နိုင်တယ်။

ငွေကြေးလည်းမထောက်ပံ့နိုင်ဘူး။

** သွယ်ဝိုက်ပြီးလည်း မပြောပါနဲ့

၆ - အပြစ်တွေကို မဆွေးနွေးနဲ့

play

 

သူ့အမှား ကိုယ့်အမှား ဆွေးနွေးမနေပါနဲ့။ လက်ရှိ ဒီဆက်ဆံရေးအဆုံးသတ်ပြီဆိုတာ နှစ်ယောက်စလုံး မြန်မြန်ဆန်ဆန် လက်ခံလိုက်ဖို့ပါပဲ။

၇ - ဒီအချိန်တွေမှာ ထွက်ခဲ့ပါ

play

 

လမ်းခွဲပြီဆိုတာကို သူလက်ခံပြီဆိုတာနဲ့ ထွက်ခဲ့ပါ။

မိနစ်သုံးဆယ်ထက် ပိုမပြောပါနဲ့။ မိနစ်သုံးဆယ် ကျော်ပြီဆိုတာနဲ့ ထွက်ခဲ့ပါ။

သူ့ဘက်က အော်ဟစ်ပြီး ကြမ်းကြမ်းတမ်းတမ်းတွေဖြစ်လာရင် ကိုယ့်ဘက်က တည်ငြိမ်ပါ။ နှုတ်ဆက်ပြီး ထွက်ခဲ့ပါ။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ