Lifestyle: ကြောင်ကလေးတွေ ဒီလိုပုံစံဖြစ်နေပြီဆို ဂရုစိုက်ပါ

သင်မွေးထားတဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေ ဒီလို တိတ်ဆိတ်နေပြီဆိုရင် ဆေးခန်း ချက်ခြင်းသွားပြသင့်ပါတယ်။

play

 

အိမ်မှာ ခွေးတွေ၊ ကြောင်တွေ မွေးလေ့ရှိသူတွေအဖို့ ကိုယ့်ရဲ့ ခွေးကလေး၊ ကြောင်ကလေးက နံရံကို မျက်နှာမူပြီး မျက်လုံးမှတ်ကာ တိတ်တဆိတ် ထိုင်နေတက်တာမျိုး မြင်ဖူးကြပါလိမ့်မယ်။ ဒီလို လက္ခဏာမျိုး အိမ်က အိမ်မွေးတိရိစ္ဆာန်တွေမှာ တွေ့လာရပြီဆိုရင် ဆေးခန်းချက်ခြင်း ပြဖို့ လိုပြီဖြစ်ကြောင်း တိရိစ္ဆာန်စောင့်ရှောက်ရေး မဂ္ဂဇင်းတစ်ခုက ဖော်ပြထားပါတယ်။

play

 

ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဟာ နံရံဘက်ကို မျက်နှာမူပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီဆိုရင် ဒါဟာသူနေထိုင်မကောင်းတဲ့ ပြဿနာဖြစ်နေပြီလို့ယူဆနိုင်ပါတယ်။ ဘာဖြစ်တယ်လို့ အတိအကျ မဆိုနိုင်ပေမယ့် တစ်ခုခုလွဲနေပြီဆိုတာတော့ သေချာသလောက်ကရှိတယ်လို့ Animal Wellness မဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။ ဒီအမူအရာဟာ သူတို့ရဲ့ခန္ဓာကိုယ်အတွင်း သွေးကြောလည်ပတ်မှုဆိုင်ရာ တစ်ခုခုချွတ်ယွင်းနေပြီဆိုတာ ပြသတာလည်း ဖြစ်ပါတယ်။

ဒါမှမဟုတ် ဦးနှောက်အမြှေးယောင်တာ၊ အစာအဆိပ်ဖြစ်နေတာ၊ စတာတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့ခွေးကလေး၊ ကြောင်ကလေး ဒီလိုဖြစ်နေပြီဆိုရင် တိရိစ္ဆာန်ဆေးခန်းသာ အမြန်သွားရမှာပါ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ