AD
AD
AD
play

 

အခုဖော်ပြမယ့်အရာတွေကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Loma Linda တက္ကသိုလ်က ဒေါက်တာနှစ်ဦးပြုလုပ်ခဲ့တဲ့ သုတေသနအရ ရယ်မောခြင်းကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေပါ။

၁။ သွေးပေါင်ကျစေတယ်

play

သွေးပေါင်ကျတဲ့သူတွေ၊ သာမန်သွေးပေါင်ချိန်ရှိသူတွေဟာ လေဖြတ်တာနဲ့ ရုတ်တရက်နှလုံးဖောက်တာတွေ ဖြစ်နိုင်တဲ့အန္တရာယ် လျော့နည်းပါတယ်။ ဒါကြောင့် ဟာသစာအုပ်တစ်အုပ်ကိုယူပါ၊ အားရပါးရရယ်လိုက်ပါ။

၂။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟောမုန်းဓာတ်ကို လျော့ကျစေတယ်

play

 

တစ်နည်းဆိုရရင် စိတ်ဖိစီးမှုလျော့ကျစေတာပေါ့။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဟာသလေးတွေ ပြောခြင်းအားဖြင့် တစ်နေ့တာ စိတ်ဖိစီးမှုတွေ လျော့ပါးပြီး သင့်ရဲ့ ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူ ပြုပါလိမ့်မယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

play

 

ရယ်မောခြင်းဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းပါပဲ။ အထူးသဖြင့် ဒဏ်ရာ ဒါမှမဟုတ် ကျန်းမာရေးမကောင်းတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်နိုင်တဲ့သူတွေအတွက် ပိုအဆင်ပြေပါတယ်။ ရယ်မောခြင်းဟာ လမ်းလျှောက်ခြင်းလိုပဲ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်တဲ့။ ဒါကြောင့် နေ့စဉ် လှိုက်လှိုက်လှဲလှဲရယ်မောတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။

၎။ အန်ဒေါ်ဖင်းဟော်မုန်းကို ထုတ်လွှတ်ပေးတယ်

play

 

အန်ဒေါ်ဖင်းဆိုတာ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ နာကျင်မှုကို ပျောက်ကင်းစေတဲ့အရာပါ။ ရယ်မောခြင်းအားဖြင့် နာကျင်မှုတွေကို သက်သာစေနိုင်ပြီး သက်သောင့်သက်သာခံစားရမှာပါ။

၅။ ပျော်ရွှင်မှုခံစားချက်ကို ဖြစ်ပေါ်စေတယ်

play

 

ရယ်မောခြင်းက သင့်ရဲ့ ပျော်ရွှင်မှုခံစားချက်ကို တိုးစေပါတယ်။ အကောင်းမြင်တဲ့စိတ်ရှိသူတွေဟာ မကောင်းမြင်စိတ်ရှိသူ တွေထက် ရောဂါတွေကို တိုက်ထုတ်နိုင်စွမ်း ပိုရှိတယ်လို့ ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ပြုံးပါ၊ ရယ်ပါ၊ အသက်ရှည်ရှည်နေပါ။

Source : life.gaim.com

Photos : life.gaim.com, huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD