Lifestyle: မိဘတွေက မိဘ မဟုတ်သူတွေထက် မိုဘိုင်းဖုန်း ပိုမိုသုံးလေ့ရှိ

Facebook ရဲ့ လေ့လာဆန်းစစ်မှု အစီအစဉ်မှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်း မိဘတွေကို မေးမြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play

 

မိဘ ဖြစ်လာသူတွေအတွက် စမတ်ဖုန်းနဲ့ Tablet လို မိုဘိုင်း အသုံးအဆောင်တွေဟာ မရှိမဖြစ် အရေးပါတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ဖြစ်လာကြောင်း Facebook IQ ရဲ့ လေ့လာဆန်းစစ်မှု ရလဒ်အသစ်က ဆိုပါတယ်။ Facebook ရဲ့ လေ့လာဆန်းစစ်မှု အစီအစဉ်မှာ အသက် ၂၅ နှစ်ကနေ ၆၅ နှစ်အတွင်း မိဘတွေကို မေးမြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play

 

Facebook IQ က နို့တိုက်အရွယ်၊ လမ်းလျှောက်တတ်စနဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ် ကလေးတွေ ရှိကြတဲ့ မိဘတွေကို မေးမြန်းပြီး လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

play

 

Facebook IQ ရဲ့ လေ့လာမှုကို သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ဂျာမနီ၊ မက္ကစီကို၊ စပိန်၊ ဗြိတိန်နဲ့ အမေရိကန်မှာ ပြုလုပ်ခဲ့ပါတယ်။ လေ့လာမှုစစ်တမ်း ရလဒ်က မိဘတွေက မိဘ မဟုတ်သူတွေထက် Facebook ကို ၁.၃ ဆ ပိုမိ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါတယ်။

play

 

ကလေးရှိလာတဲ့ မိဘတွေဟာ အရာရာ ပြောင်းလဲသွားတတ်ကြပြီး ဒီလို ပြောင်းလဲသွားမှုတွေထဲမှာ မိဘ ဖြစ်လာသူတွေရဲ့ မိုဘိုင်းဖုန်းသုံးတဲ့ အလေ့အထလည်း အပါအဝင် ဖြစ်တယ်လို့ Faceboook IQ က ပြောပါတယ်။ Facebook IQ က လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့တဲ့ နိုင်ငံများမှ မိဘဖြစ်သွားသူတွေဟာ သူတို့ရဲ့ မိုဘိုင်းဖုန်းကို တစ်ချိန်လုံးနီးပါး သုံးလေ့ရှိပါတယ်။

မိုဘိုင်းအသုံးပြုပြီး သူတိုရဲ့ အချိန်ဇယား အစီအစဉ်တွေကို မှတ်သားတာ၊ ဆယ်ကျော်သက် ကလေးတွေကို စောင့်ကြည့်တာနဲ့ ကလေးတွေရဲ့ အမှတ်တရတွေကို ဆိုရှယ်မီဒီယာမှာ ဝေမျှတာတွေကို ပြုလုပ်လေ့ရှိတယ်လို့ Facebook IQ လေ့လာမှုရလဒ်က ဆိုပါတယ်။
Source: Facebook IQ
Photo: Facebook IQ, Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ