AD
AD
AD
play

 

သင့်ခန္ဓာကိုယ်က အဆိပ်တွေကိုဖယ်ရှားပေးဖို့အတွက် ကျောက်ကပ်က အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ဟာ သန့်ရှင်းအားကောင်းဖို့လိုပါတယ်။ အောက်ပါနည်းကတော့ တရုတ်နံနံနဲ့ ကျောက်ကပ်ကိုသန့်ရှင်းပေးမယ့် နည်းလမ်းဖြစ်ပါတယ်။

play

 

ပါဝင်ပစ္စည်း

- လတ်လတ်ဆတ်ဆတ် တရုတ်နံနံအချို့

- ရေ ၈ ခွက်

- ပျားရည်စားပွဲတင်ဇွန်း နှစ်ဇွန်း

- လီမွန်သီးတစ်ခြမ်းကို ညှစ်ထားတဲ့အရည်

play

 

ပြုလုပ်နည်း

- အရွက်တွေကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်းပါ။

- စင်းပြီးသားအရွက်တွေကို အိုးတစ်လုံးထဲထည့်ပြီး ဆူအောင်ပြုတ်ပါ။ ပွက်ပွက်ဆူချိန်ကို ၁၀ မိနစ်လောက်ထားပြီးတဲ့အခါမှာ အိုးတစ်လုံးထဲ ပြန်လောင်းထည့်ပါ။ အဖုံးဖုံးပြီး အအေးခံပါ။

- အေးသွားရင်တော့ ကိုယ်ကြိုက်တဲ့ အရသာ ရတဲ့ထိ လီမွန်သီးအရည်နဲ့ ပျားရည်ကိုရောစပ်ပြီး သောက်လို့ရပါပြီ။

- နေ့စဉ် တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်သောက်ပေးရမှာ ဖြစ်ပါတယ်။ ဖော်စပ်ပြီးသားအရည်ကိုတော့ ရေခဲသေတ္တာထဲ တစ်ပတ်လောက်ထိ ထည့်သိမ်းပေးထားလို့ရပါတယ်။

*** ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မသောက်သုံးသင့်ပါဘူး။ သွေးတိုးကျဆေးသောက်သုံးနေသူများ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်ပါ။

Photos & Source: All Traditional Herbs

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD