AD
AD
AD
play

 

ကံတရားကြောင့် ချစ်သူနဲ့ဝေးဝေးနေနေရတဲ့သူတွေ၊ အဝေးမှာရှိသူ တစ်ယောက်ယောက်ကိုမှ နှစ်နှစ်ကာကာချစ်မိနေသူတွေ၊ အရမ်းချစ်ခဲ့ကြပြီး အဝေးတစ်နေရာစီကွဲကွာနေရတဲ့အခါမှာ ၀မ်းနည်းနေရတဲ့သူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးပါ။ အဲ့ဒီလိုအဝေးရောက်နေတဲ့ချစ်သူနဲ့ လူချင်းဝေးနေရင်တောင် နှလုံးသားချင်းနီးနေအောင် ဘယ်လိုလုပ်မလဲဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပေမဲ့ အကျိုးရှိပြီးအကောင်းဆုံးဖြစ်မယ့် နည်းလမ်းလေးတွေကိုတော့ စဉ်းစားဖို့၊ အသုံးချဖို့လိုပါတယ်။

၁။ လိုတာထက်ပိုပြီးတော့ အဆက်အသွယ်အရမ်းမလုပ်ပါနဲ့

ဝေးနေရတယ်ဆိုတဲ့စိတ်ကြီးနဲ့ မြဲလိုလိုမက်ဆေ့တွေပို့နေ ဖုန်းတွေခေါ်နေတာက ကြာလာတော့လည်း အဆင်မပြေနိုင်ပါဘူး။

၂။ အကောင်းမြင်ပါ

သူ့အတွက်ရော ကိုယ့်အတွက်ပါ ကောင်းတာတွေဖြစ်လာဖို့ ခနလေးဝေးရတယ်လို့ပဲ တွေးထားပါ။

play

 

၃။ ပုံမှန်အဆက်အသွယ်လုပ်ပါ

Good Morning နဲ့ Good Night ကိုတော့ ပုံမှန် Message လေးပို့ပါ။ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုအတိုလေးတွေကိုတော့ အမြဲမဟုတ်ဘဲ အလျဉ်းသင့်သလိုပို့ပါ။

၎။ ပြဿနာတွေ ကြီးထွားမလာပါစေနဲ့

ကလပ်သွားလိုက်တာ၊ မူးကွဲအောင်သောက်ပစ်လိုက်တာနဲ့ တခြားစိတ်ပူပြီး ဒေါသတွေ ရေဆူမှတ်ရောက်လောက်အောင် မပျော်လိုက်ပါနဲ့။ အဲ့ဒါအရေးကြီးပါတယ်။

play

 

၅။ တချို့ကိစ္စလေးတွေအတူတူဆောင်ရွက်ပါ

အွန်လိုင်းဂိမ်းအတူတူကစားတာတို့၊ ဒီနေ့ Shopping ထွက်ကြမယ်ဆိုပြီး တစ်ရက်တည်းမှာ ကိစ္စတစ်ခုခုကို အတူတူလုပ်ဆောင်ကြည့်ပါ။ လွယ်ကူတဲ့ အစားအစာလေးတွေကိုလည်း အတူတကွ ပြုလုပ်နိုင်ပါသေးတယ်။ ဟမ်ဘာဂါတို့  ကြက်ဥလိပ်ကြော်တို့လိုမျိုးပေါ့။

၆။ ရိုးသားပါ

စိတ်ခံစားချက်နဲ့ပတ်သက်တာတွေကအစ တစ်ယောက်နဲ့တစ်ယောက် အသိပေးသင့်တာတွေအကုန်လုံးကို ရိုးရိုးသားသားနဲ့ အဆင်အပြေဆုံးပြောဆိုဆွေးနွေးပါ။

play

 

၇။ တစ်ယောက်နဲ့တစ်ယောက်အလုပ်ချိန်တွေ သိထားပါစေ

သူဘယ်အချိန်မှာ အရေးကြီးတာဘာလုပ်ရမယ်၊ ကိုယ်ဘယ်အချိန်မှာ ဘယ်သွားဖို့ရှိတယ်ဆိုတာကို အသေးစိတ်မဟုတ်ရင်တောင် တတ်နိုင်သလောက် အသိပေးထားပါ။

၈။ လူမှုကွန်ရက်တွေပေါ်က အခြေအနေတွေကိုလည်း မျက်ခြည်မပြတ်ပါနဲ့

သူတင်တဲ့ပုံလေးတွေ Like လုပ်တာ၊ Comment ပေးတာတွေ၊ ကိုယ်နဲ့သူနဲ့အမှတ်တရရှိနိုင်မယ့်ပုံလေးတွေလည်း ပြန်တင်ပေးတာတွေပြုလုပ်ပါ။

play

 

၉။ မိသားစုအကြောင်းပြောပါ

သူ့မိသားစု၊ ကိုယ့်မိသားစုအကြောင်းလေးတွေလည်း ကြုံသလိုပြောဖို့မမေ့သင့်ပါဘူး။

၁၀။ ချစ်စနိုးနာမည်လေးတွေ

ဒါကတော့ တော်တော်များများလုပ်တတ်ကြတဲ့ ချစ်စရာအလေ့အကျင့်လေးပါပဲ။ အချစ်ဆုံးကြီး၊ သဲတုံး၊ သဲလေး၊ ယုန်ဖြူလေး၊ ကလေးဆိုးကြီး၊ ဂျစ်တုံး၊ ရစ်လုံး စတဲ့ စတဲ့ နာမည်ပေါင်းများစွာတွေ ရှိကြမှာပါ။ သူနဲ့ကိုယ့်ကြားထဲမှာပဲသိတဲ့ နာမည်ပြောင်လေးတွေက သူနဲ့ကိုယ့်ရဲ့ ချစ်ခြင်းကို ပိုမိုခိုင်မြဲစေပါလိမ့်မယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD