play

 

လူငယ်တွေမှာ ကြောက်ရွံ့စိတ် နည်းပါးတတ်ပြီး စွန့်စားလိုစိတ် များပြားကြပါတယ်။ ခုလည်း ရှန်ဟိုင်းက မိုးမျှော်အဆောက်အအုံကြီးပေါ်တက်လို့ ဓာတ်ပုံရိုက်တဲ့ လူငယ်တွေကို တွေ့ရပြန်ပါတယ်။

play

 

အသက် ၁၈ နှစ်အရွယ် လူငယ်လေးသုံးဦးဟာ ပေပေါင်း ၁၃၈၁ ပေ မြင့်မားတဲ့ ကျင်မော်တာဝါကြီးပေါ်မှာ သည်းထိတ်ရင်ဖိုဖြစ်စရာ ဓာတ်ပုံတွေ ရိုက်ခဲ့ကြတာပါ။ သူတို့ကို မြင်လိုက်ရတဲ့နောက် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ရဲကို ဖုန်းဆက်တိုင်လိုက်ပါတော့တယ်။

play

play

 

ရဲက သူတို့သုံးယောက်ကို ခုနစ်နာရီကြာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြစ်ချက်မတွေ့တာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ သူတို့အဖွဲ့ကတော့ နောက်ထပ်မြို့တော်တွေကိုသွားပြီး အထပ်မြင့်အဆောက်အအုံတွေပေါ်မှာ ဓာတ်ပုံတွေရိုက်ဦးမယ်လို့ ပြောပါတယ်။

Source : Carter News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video