Lifestyle: ကိုယ်နံ့နဲ့ ကြင်ယာရှာပေးတဲ့ အောင်သွယ်ကုမ္ပဏီ

Smell Dating လို့ အမည်ရတဲ့ နယူးယော့ခ်က အောင်သွယ်ကုမ္ပဏီဖြစ်ပါတယ်။

play

 

Smell Dating က ဝတ်ပြီးသား တီရှပ်တစ်ထည်ကနေ ကိုယ်နံ့ကို နမ်းကြည့်ပြီး ကြင်ယာရှာနိုင်အောင် တစ်ကိုယ်တည်း သမားတွေကို ကူညီပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အဲဒီနည်းလမ်းကို ပန်းချီဆရာ တီဂါဘရိမ်းနဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဆမ်လက်ဗင်းတို့က တီထွင်ကြံဆခဲ့တာ ဖြစ်ပါတယ်။

play

ဘရိမ်းနဲ့ လက်ဗင်းတို့က သူတို့ရဲ့ ပထမဆုံး ဖောက်သည် ၁၀၀ ဦးဆီကို ရေမချိုးဘဲ သုံးရက်ဆက်တိုက် ဝတ်ဆင်ထားတဲ့ တီရှပ်တစ်ထည်စီ ပေးပို့ခဲ့ပါတယ်။

အဲဒီနောက် ဖောက်သည်တွေက တီရှပ်တွေကို မေးလ်နဲ့ Smell Dating ဆီကို ပြန်ပြီး ပေးပို့ရပါတယ်။ အဲဒီနောက် တီရှပ်တွေကို အပိုင်းလေးတွေ ဖြတ်တောက်ပြီး ရောနှောထားတဲ့ တီရှပ်အပိုင်းအစ ၁၀ ခုကို ဖောက်သည်တွေဆီ ယခုတစ်ပတ်ထဲမှာပဲ ပြန်ပြီး ပေးပို့လိုက်ပါပြီ။

play

 

ဖောက်သည်တစ်ယောက်က အနံ့တစ်ခုကို သဘောကျပြီး အဲဒီကိုယ်နံ့ပိုင်ရှင်ကလည်း အဲဒီလူရဲ့ ကိုယ်နံ့ကို အပြန်အလှန်သဘောကျမယ်ဆိုရင် ဖူးစာရှင် ရှာတွေ့ပြီလို့ ဆိုရပါမယ်။

အဲဒီဝန်ဆောင်မှုအတွက် ဖောက်သည်တွေက ၂၅ ဒေါ်လာ ပေးရပြီး ကိုယ်ရွေးချယ်မိသူက ဘယ်အသက်အရွယ် ဆိုတာနဲ့ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကို သိရမှာ မဟုတ်ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ